
၁၃၈၃ ခု၊ တပို့တွဲလဆုတ် (၁၀) ရက်
၂၀၂၂ ခု၊ ဖေဖော်ဝါရီလ (၂၅) ရက်
၁။ မြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားပါသည်။
၂။ အဆိုပါတရားစွဲဆိုမှုအား မြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်နှင့် အလှည့်ကျကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတော်၏ကိုယ်စား သွားရောက်ဖြေရှင်းခြင်းနှင့် အဆိုပါအဖွဲ့၏ ကောင်းမွန်လှသည့် ရှင်းလင်းဖြေရှင်းချက်များကို ကြိုဆိုပါသည်။
၃။ လူနည်းစုမဟုတ်သော အကြမ်းဖက်ဘာသာရေးအစွန်းရောက်တို့က မြန်မာနိုင်ငံတော်၏ ပျောက်ကွယ်လု လူနည်းစု တိုင်းရင်းသားလူမျိုးစုများဖြစ်ကြသည့် မြို၊ သက်၊ ခမီ စသည့် တိုင်းရင်းသား လူမျိုးစုများအား လူမျိုးတုံးသတ်ဖြတ်မှု၊ ဘာသာရေးလူနည်းစုဖြစ်ကြသော ဟိန္ဒူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုများစသည်တို့ကို လျစ်လျူရှု၍ အကြမ်းဖက်အစွန်းရောက်တို့ဘက်မှ ရပ်တည် ကာ မိမိတို့ မြန်မာနိုင်ငံတော်ကို စွပ်စွဲသော ဂမ်ဘီယာနိုင်ငံအား မိမိတို့က ပြင်းထန်စွာရှုတ်ချသည်။
၄။ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးအတွက် ကာကွယ်ကြိုးပမ်းလျက်ရှိသည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် ဖြစ်စဉ်မှန် အချက်အလက်အထောက်အထားမှန်များအား ပြုစုပေးကြသည့် ပညာရှင် စေတနာရှင် နိုင်ငံသားတာဝန်ကျေပွန်ကြသူအပေါင်းအား (၁၁၆) နှစ် သက်တမ်းရှိပြီဖြစ်သော မိမိတို့အသင်းကြီးက မှတ်တမ်းတင်ကာ ဂုဏ်ပြုပါသည်။
၅။ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မိမိတို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး နှင့် အမျိုးသားရေးစိတ်ဓာတ်ရှိကြသော ရဟန်း၊ ရှင်၊ လူ ပြည်သူ နိုင်ငံသားအပေါင်းမှ အားပေးထောက်ခံ လျက် တစ်သားတည်း ရပ်တည်လျက်ရှိပါကြောင်း ထုတ်ပြန်လိုက်ပါသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး