
နွားထိုးကြီး ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်ကို လေ့လာရေးခရီးစဉ်တစ်ခုအနေဖြင့် တိုးချဲ့ဖော်ဆောင်ပေးရန် ဒေသခံများလိုလားလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးနယ်တွင် လေ့လာစရာများအဖြစ် ကြယ်လိပ်၊ အင်ကြင်းကျောက်၊ ပျူပုတီး နှင့် ပျူမြို့ဟောင်း၊ အရည်းကြီးဘုရား၊ ကျောက်စိမ်းဘုရားနှင့် မြန်မာ့ယဉ်ကျေးမှုကို လေ့လာစရာ ဆံရစ်ဝိုင်းတို့၏ ထန်းတောရွာရှိသည်။ ခံစပ်ကုန်းရွာကြီးတွင်လည်း မြန်မာ အမျိုးသမီးငယ် ဆံရစ်ဝိုင်းများ၏ ဆံကေသာထိန်းသိမ်းမှုမှာ ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုများကို လေ့လာနိုင်သည့် နွားထိုးကြီး မြို့နယ်အား ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်ပေးနိုင်ပါက ဒေသခံများအတွက်လည်း ဝင်ငွေတိုးတက်လာမည်ဖြစ်သည်။
ဌေးမြင့်မောင်