ရုရှားတပ်ဖွဲ့များ ယူကရိန်းကို စစ်ဆင်ရေးဆင်နွှဲ ပဋိပက္ခကို ချက်ချင်းရပ်ဆိုင်းရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တိုက်တွန်းပြောကြား

 

ကိယက်ဗ်   ဖေဖော်ဝါရီ   ၂၄ 


ရုရှားသမ္မတ ဗလာဒီမာပူတင်က  အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲမည်ဟု ကြေညာလိုက်ပြီး  နာရီအနည်းငယ်အတွင်း  ရုရှားတပ်ဖွဲ့များက ယူကရိန်းကို စစ်ဆင်ရေးဆင်နွှဲခဲ့သည်။  ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ သည်ဟုဆိုကာ ယူကရိန်းသမ္မတက   ရုရှားကို   စွပ်စွဲခဲ့သည်။  အေအက်ဖ်ပီသတင်းအေဂျင်စီကလည်း   ရုရှားတိုက်ခိုက်မှုပြီးနောက် ဓာတ်ပုံများကို  ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုကြောင့်  ယူကရိန်းအရှေ့ဘက် ချူဂက်ဗ်မြို့ရှိ လူနေဒေသများ ပျက်စီးသွားခဲ့သည်။ 

 


ရုရှားကာကွယ်ရေးအရာရှိများက  ၎င်းတို့၏  တပ်ဖွဲ့များသည် ယူကရိန်းရှိ  စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို တိကျသည့် လက်နက်များဖြင့်သာ   ပစ်မှတ်ထား  တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
စစ်ရေးဆိုင်ရာဆောင်ရွက်မှုများသည်  ပြည်သူများကို ခြောက်လှန့် ခြိမ်းခြောက်လိုခြင်းမဟုတ်ကြောင်း ရုရှားကာကွယ်ရေးအရာရှိများက ပြောသည်။ သို့သော်လည်း ယူကရိန်းအရာရှိများက ရုရှား၏တိုက်ခိုက် မှုများကြောင့်   စစ်သား ၄၀ ကျော်   သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ 

 


ယူကရိန်းအရှေ့ပိုင်းကို   ရုရှားတို့ လက်နက်ကြီးဖြင့် တိုက်ခိုက် ပြီးနောက် ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအရာရှိ များက ပြောသည်။ 

 


ရုရှားသမ္မတ ပူတင်က ရုပ်မြင်သံကြားမိန့်ခွန်း ပြောကြားပြီးနောက် တိုက်ခိုက်မှုများ  စတင်ခဲ့ခြင်းဖြစ်သည်။  ရုရှားသည် ယူကရိန်း၏ အချုပ်အခြာပိုင်နက်နယ်မြေများကို   သိမ်းပိုက်ရန်  စီစဉ်ထားခြင်း မရှိကြောင်း ပူတင်က ပြောကြားလိုက်သည်။ 
၎င်း၏မိန့်ခွန်းတွင်   ယူကရိန်းအစိုးရ၏ဖိနှိပ်မှုကို   ခံနေရသော ပြည်သူများကို ကာကွယ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။

 


ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီက  ရုရှားနှင့် သံတမန် ဆက်ဆံရေး ပြတ်တောက်သွားပြီဖြစ်ကြောင်း  ပြောကြားလိုက်သည်။ ရုရှားက ဘယ်လိုထင်ထင်  ယူကရိန်းသည်  မိမိကိုယ်ကိုယ်ကာကွယ် သွားမည်ဖြစ်ကြောင်းနှင့်    လွတ်လပ်ခွင့်ကို   အဆုံးရှုံးခံမည်မဟုတ် ကြောင်း ဇီလန်စကီက ပြောကြားလိုက်သည်။

 


ယူကရိန်းသမ္မတ ဗိုလိုဒီမာ  ဇီလန်စကီက   နိုင်ငံသားအားလုံး ကို   မိမိတို့၏နိုင်ငံကို  ကာကွယ်ရန်   တိုက်တွန်းပြောကြားလိုက် သည်။ 
ယူကရိန်းနယ်ခြားစောင့်တပ်ဖွဲ့များက  ရုရှားတပ်ဖွဲ့ဝင်များသည် အိမ်နီးချင်း ဘယ်လာရုဇ်မှ  တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောကြား လိုက်သည်။ 
ရုရှားစစ်ဘက်က တပ်ဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်မည်ဟုဆိုကာ အဆိုပါနေရာတွင် တပ်ဖြန့်ထားသည်။
စစ်ရေးတိုက်ခိုက်မှုများသည်      နိုင်ငံတောင်ပိုင်းတွင်လည်း ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။ ယူကရိန်းအရာရှိများက ရုရှား စစ်ဘက်ဆိုင်ရာယာဉ်များသည် ခရိုင်းမီးယားမှ ရောက်ရှိလာသည်ဟု ဆိုသည့် ဗီဒီယိုများကို ထုတ်ပြန်လိုက်သည်။ 

 


ယူကရိန်းလွှတ်တော်က ဖေဖော်ဝါရီ ၂၄ ရက်မှစကာ ပဋိပက္ခ ဖြစ်ပွားရာ   လူဂန့်နှင့်    ဒိုနက်ဒေသများမှလွဲ၍ ရက် ၃၀ ကြာ နိုင်ငံကို အရေးပေါ်အခြေအနေတစ်ရပ်  ကြေညာရန်    ဥပဒေကြမ်းတစ်ရပ်ကို ဖေဖော်ဝါရီ ၂၃ ရက်က ထောက်ခံအတည်ပြုခဲ့သည်။
အဆိုပါအခြေအနေများနှင့် ပတ်သက်ပြီး ယူကရိန်းအား စစ်မက် ပြုနေသည့်တပ်ဖွဲ့များကို ရပ်ဆိုင်းရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က     ရုရှားသမ္မတ    ဗလာဒီမာပူတင်အား တိုက်တွန်းပြောကြားလိုက်သည်။

 


ယူကရိန်းအရှေ့ပိုင်း   ဒွန်ဘက်စ်ကို   အထူးစစ်ဆင်ရေးတစ်ရပ် ပြုလုပ်မည်ဟု ပူတင်က   ကြေညာပြီးနောက် ဂူတာရက်စ်က ယခုလို တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။   ကုလသမဂ္ဂလုံခြုံရေး ကောင်စီက   ယူကရိန်းပဋိပက္ခအကျပ်အတည်းနှင့်   ပတ်သက်ပြီး ဆွေးနွေးနေချိန်တွင်   ပူတင်၏ကြေညာချက်   ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

 


မိမိ၏   ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်   ထမ်းဆောင် နေသည့်ကာလတွင်   ယခုလို ဝမ်းနည်းဖွယ်အကောင်းဆုံး   ဖြစ်ရပ် ကြီးဖြစ်လာခြင်းဖြစ်ကြောင်း   လုံခြုံရေးကောင်စီ   အစည်းအဝေး ပြီးနောက်  ဂူတာရက်စ်က   သတင်းထောက်များကို    ပြောကြားလိုက် သည်။ 
လူသားဆန်ခြင်းခေါင်းစဉ်အောက်တွင်   သင်၏တပ်ဖွဲ့များကို ရုရှားသို့ ပြန်လည်ခေါ်ဆောင်သွားစေလိုကြောင်းနှင့်  ယခုပဋိပက္ခကို ချက်ချင်းရပ်ဆိုင်းစေလိုကြောင်း ဂူတာရက်စ်က တိုက်တွန်းပြောကြား လိုက်သည်။    
              

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ