“မျိုးစေ့ပြပွဲ ၂၀၂၂” ၏ စနစ်ကျ စက်မှုလယ်ယာမြေပြကွက်တွင် သစ်စိမ်းမြေဩဇာစိုက်ပျိုးရေး ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်ပွဲကျင်းပ

 

 

နေပြည်တော်    ဖေဖော်ဝါရီ    ၂၂ 
သစ်စိမ်းမြေဩဇာစိုက်ပျိုးရေး ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်ပွဲ    အခမ်းအနားကို     ယနေ့နံနက်ပိုင်းက   “မျိုးစေ့ပြပွဲ ၂၀၂၂” ၏ စနစ်ကျစက်မှုလယ်ယာမြေ  ပြကွက်တွင် ကျင်းပသည်။
အခမ်းအနားတွင်         ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက    သီးနှံများ   စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့် များ ရွေးချယ်အသုံးပြုရန်လိုအပ်သကဲ့သို့ မြေဆီလွှာ ကို စနစ်တကျ ပြုပြင်ဆောင်ရွက်ရန်လည်း လိုအပ် ကြောင်း၊ ဓာတ်မြေဩဇာ အလွန်အကျွံသုံးစွဲခြင်းနှင့်  အခြားအကြောင်း    အမျိုးမျိုးကြောင့်     မြေဆီလွှာ ဖွဲ့စည်းပုံများ ချို့ယွင်းပျက်စီးခြင်းနှင့် မလိုလားအပ် သည့် ဓာတ်ကြွင်းဖြစ်ပေါ်မှုများကို ထိန်းသိမ်းပြုပြင် နိုင်ရန် သစ်စိမ်းမြေဩဇာ သဘာဝမြေဆွေးမြေဩဇာ များ ထည့်သွင်းပေးရန်လိုအပ်ကြောင်း၊ ယခုကျင်းပ လျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၂” သည် မိမိတို့နိုင်ငံ၏  စိုက်ပျိုးထုတ်လုပ်မှုများ  ပိုမိုတိုးတက်ပြီး  ပြည်သူ များ၏   လူမှုစီးပွားဖွံ့ဖြိုးရေးကို   ရည်ရွယ်ကျင်းပ ခြင်းဖြစ်ရာ   တန်ဖိုးနည်းနည်းဖြင့်    မြေဆီလွှာကို ပြုပြင်နိုင်သည့် စိုက်ပျိုးရေး နည်းလမ်းတစ်ခုဖြစ်သည့်  သစ်စိမ်းမြေဩဇာစိုက်ပျိုးရေး နည်းလမ်းများ၊ စိုက်ပျိုး ရေစီမံခန့်ခွဲမှု နည်းစနစ်များ၊ စက်မှုလယ်ယာစနစ်  အသုံးပြုလုပ်ကိုင်မှုဆိုင်ရာများကိုပါ   တစ်ပါတည်း  နည်းပညာပေး     ဆောင်ရွက်ပြသခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ် ဦး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိဦးစီးဌာနများမှ      ညွှန်ကြားရေးမှူး ချုပ်များ၊    စိုက်ပျိုးရေးတက္ကသိုလ်နှင့်     မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြပွဲတက်ရောက်လာသူ တောင်သူလယ်သမားများ၊   ပျဉ်းမနားစိုက်ပျိုး‌ရေး သိပ္ပံကျောင်းမှ       ကျောင်းသားကျောင်းသူများက သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည့် ပိုက်ဆံလျှော် မျိုးစေ့များကို ကြဲပက်စိုက်ပျိုးခဲ့ကြသည်။ 
ပျဉ်းမနား  စိုက်ပျိုး‌ရေးသိပ္ပံတွင် ယခုနှစ်သီးနှံ စိုက်ခင်းများ၌      မြေဆီလွှာပြုပြင်ထိန်းသိမ်းရေး  အတွက် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းလုပ်ငန်းကို  စတင်ဆောင်ရွက်လျက်ရှိပြီး အခြားသော စိုက်ပျိုး‌ ရေး သိပ္ပံများတွင်လည်း သစ်စိမ်းမြေဩဇာနည်းပညာ ပြန့်ပွားရေးအတွက် ရာသီအချိန်အခါအလိုက် ဆောင် ရွက်သွားမည်ဖြစ်ပြီး       လာမည့်စိုက်ပျိုးရာသီတွင်  တိုင်းဒေသကြီး၊    ပြည်နယ်အသီးသီး၌      သစ်စိမ်း မြေဩဇာ အသုံးပြုခြင်း ပညာပေးလုပ်ငန်းများကို စုစုပေါင်း စိုက်ဧရိယာ ဧက ၂၃၀၀၀ တွင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် ဌာနဆိုင်ရာများ၊ မျိုးစေ့ထုတ် ကုမ္ပဏီ များ၊ မျိုးစေ့ထုတ်တောင်သူများ ပါဝင်ဆွေးနွေးကြ သည့်    မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး   နှီးနှောဖလှယ်ပွဲနှင့် ပြပွဲကာလအတွင်း ကျင်းပခဲ့သည့် စကားဝိုင်းဆွေးနွေး ပွဲများ၊ နှီးနှောဖလှယ်ပွဲများ၏ ဆွေးနွေးချက် ရလဒ်  များ၊ အကြံပြုချက်များအပေါ်  ပြန်လည်သုံးသပ်ခြင်း အခမ်းအနားသို့ တက်ရောက်အားပေးကြသည်။
 “မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 ကို “လူမှု စီးပွားတိုးတက်ဖို့၊    မျိုးကောင်းမျိုးသန့်  သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ    ပြခန်းပြကွက်များ     စိုက်ခင်း များကို ပဉ္စမမြောက်နေ့အဖြစ် ခင်းကျင်းပြသထားရာ ပြပွဲသို့ စိုက်ပျိုးရေးလုပ်ငန်း စိတ်ပါဝင်စားသူ ပြည်သူ များ၊   ကျောင်းသား   ကျောင်းသူများ၊    တောင်သူ လယ်သမားများနှင့် မျိုးစေ့ဆိုင်ရာ အသင်းအဖွဲ့များ၊  ကုမ္ပဏီများမှ ကိုယ်စားလှယ်များက စိတ်ဝင်တစား လေ့လာကြပြီး သိရှိလိုသည့် မေးမြန်းချက်များကို သက်ဆိုင်ရာ ပြခန်းတာဝန်ခံ ကျွမ်းကျင်သူပညာရှင် များက  အကျယ်တဝင့်  ရှင်းလင်းဖြေကြားပေးကြ သည်။
 ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ကျန်းမာ  ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့  သည့်  မျိုးစေ့ပြပွဲ  ၂၀၂၂  တွင် အစိုးရနှင့် ပုဂ္ဂလိက  ကဏ္ဍများမှ လက်ရှိထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော  မျိုးကောင်းမျိုးသန့်များ၊ လတ်တလော ထုတ်လုပ် ဖြန့်ဖြူးသွားမည့် မျိုးသစ်များနှင့် နောင်တွင် ထပ်မံ  ထုတ်လုပ်မည့်    အလားအလာကောင်းမျိုးများကို ခင်းကျင်းပြသခဲ့ပြီး ပြပွဲတွင် သီးနှံမျိုးစေ့ ထုတ်လုပ်  သူမှ မျိုးစေ့ရောင်းချသူအထိ ကွင်းဆက်တစ်လျှောက် တွင် ပါဝင်ပတ်သက်သူများ အချင်းချင်း ဆုံတွေ့ခွင့် ရကြသဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက်ဆွေးနွေး နိုင်ခြင်း၊ သတင်းအချက်အလက်များ အပြန်အလှန်  ဖလှယ်နိုင်ခြင်းကြောင့်     အကျိုးရှိအောင်မြင်သော ပြပွဲတစ်ခုအဖြစ် ဆောင်ရွက်နိုင်ခဲ့ကာ ပြည်သူများ၊ တောင်သူလယ်သမားများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ ဗဟုသုတများစွာကို လေ့လာနိုင် ခဲ့ကြကြောင်း သိရသည်။                       သတင်းစဉ်