ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ် တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကျင်းပ

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၁
ဧရာဝတီတိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို   ယနေ့တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ကျင်းပရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော် နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ခရိုင်ငါးခရိုင်မှ ကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။ 
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  အမှာစကား ပြောကြားကြသည်။  ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများနှင့်  ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်