
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေး မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ် နားကုန်း ပရိယတ္တိစာသင်တိုက်၊ ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ ကျိုက်ဒေးဝ တပ်ဦးကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ မြရတနာသီရိ ဘုန်းတော်ကြီး ကျောင်း၊ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးကျောင်း၊ ရခိုင် ပြည်နယ် အမ်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်၊ စစ်တွေမြို့ရှိ ကြွီတဲဘုန်းတော်ကြီးကျောင်းတိုက်၊ ဘူးသီးတောင်မြို့ရှိ ရတနာ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတိုက်၊ တောင်ကုတ်မြို့ရှိ စေတျာရာမ ဘုန်းတော်ကြီး ကျောင်းတိုက်၊ ကျောက်ဖြူမြို့ ဂုံးချွိန်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်း တောင်ခြေ အောင်နန်းကံသာ ကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသ ကြီး ပြည်ခရိုင် ပန်းတောင်းမြို့ ကျောက်ဖူးကျေးရွာရှိ ပညာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာ တော်၊ သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များအား ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးမှ ဒုတိယတိုင်း မှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ကြသည်။ သတင်းစဉ်