ဘရာဇီးနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူ ၁၅၂ ဦးအထိရှိလာ 


 

ဆော်ပိုလို ဖေဖော်ဝါရီ ၂၁
ဘရာဇီးနိုင်ငံ   ပက်ထရိုပုလစ်မြို့၌     မြေပြိုမှုကြောင့်   သေဆုံးသူ ၁၅၂ ဦးအထိရှိလာပြီး ပျောက်ဆုံးနေသူ ၁၆၅ ဦးအထိရှိကြောင်း ဒေသခံ ကာကွယ်ရေးအေဂျင်စီက  ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောသည်။  မြေပြိုမှုပေါ်ပေါက်ခဲ့ရာ သဘာဝဘေးဒဏ်ခံဒေသတွင်  မီးသတ်သမား ၅၀၀  ကျော် လုပ်ကိုင်လျှက်ရှိပြီး  အနံ့ခံခွေး ၄၀ ဖြင့်လည်း ပျောက်ဆုံး နေသူများကို ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။ ကယ်ဆယ်ရေးလုပ်ငန်း များလုပ်ကိုင်ရာတွင်  ဒေသခံများကလည်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ လမ်းတံတားများမှာလည်း ရေကြီးမြေပြိုမှုကြောင့် ပြိုကျပျက်စီး လျက်ရှိသည်။   ဖေဖော်ဝါရီ   ၁၅ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး  ၁၉၃၂ ခုနှစ်နောက်ပိုင်း အဆိုးဆုံးသဘာဝဘေးဖြစ်ခဲ့သည် ဟု ရီယိုဒီဂျနေးယိုး အုပ်ချုပ်ရေးမှူး ကလောက်ဒီယို ကက်စထရိုက ပြောသည်။                                                                    ဆင်ဟွာ