ဂျပန်နိုင်ငံ၌ ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမှုများစတင်

 

 

တိုကျို ဖေဖော်ဝါရီ ၂၁
ဂျပန်နိုင်ငံ၌    ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့နယ်များ တွင် အသက် ငါးနှစ်မှ ၁၁နှစ်ကြား ကလေးများကို   ကိုဗစ်  -  ၁၉ ကာကွယ်ဆေးထိုးပေးတော့မည် ဟုသိရသည်။  အဆိုပါ အသက် အရွယ်အုပ်စုကိုကာကွယ်ဆေးထိုးပေးသည့်အစီအစဉ်အား  ဖေဖော် ဝါရီ ၂၁ ရက်မှစတင်ကာ ပြည်သူ လူထုကို  ကာကွယ်ဆေးထိုးပေး သည့်အစီအစဉ်တွင်  ထည့်သွင်း ခဲ့သည်။ မေလအတွင်း တစ်နိုင်ငံ လုံးအနှံ့ ကိုဗစ် -၁၉ ကာကွယ်ဆေး ၁၂   သန်းကို   ဖြန့်ဝေသွားရန် အစိုးရက    စီစဉ်ထားသည်။  ယခုလအစောပိုင်းမှ   စတင်ကာ အချို့သော      နေရာများတွင် ကာကွယ်ဆေးထိုးပေးသည့် အစီ အစဉ်ကိုစတင်ရန် မျှော်မှန်းထား သည်။ အသက်  ငါးနှစ်မှ ၁၁နှစ် ကြားကလေးများကို   ကာကွယ် ဆေးထိုးပေးရာတွင်   အသက် ၁၂နှစ်နှင့်အထက်များကို ထိုးပေး သည့် ကာကွယ်ဆေးပမာဏ၏ သုံးပုံပုံတစ်ပုံသာပါဝင်မည်  ဖြစ် သည်။ ကလေးများကို သုံးပတ်စီ ခြားကာ နှစ်ကြိမ်ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။   ကျောင်း များတွင်အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်းများကိုမူ   အစိုးရက ထောက်ခံပေးထားခြင်း  မရှိချေ။ အချို့သော    မြို့နယ်များတွင်  ကလေးများကို ကာကွယ်ဆေးထိုး ပေးရန် ဆရာဝန်များနှင့် သူနာပြု အင်အား   မလုံလောက်မည်ကို စိုးရိမ်နေကြရသည်။ 
အင်န်အိတ်ချ်ကေ