တပ်မတော် (ရေ) မှ စစ်ရေယာဉ် (ဆင်ဖြူရှင်) အိန္ဒိယနိုင်ငံ  Visakhapatnam မြို့တွင် ကျင်းပမည့်  ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) သို့ တက်ရောက်ရန်ထွက်ခွာ

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၁
တပ်မတော် (ရေ) မှ ဓညဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင် သော စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် အိန္ဒိယနိုင်ငံ Visakhapatnam   မြို့၌  ကျင်းပမည့်  ဒေသတွင်း ရေတပ်များတွေ့ဆုံပွဲ   (MILAN-2022)  သို့  တက် ရောက်ရန်     ယနေ့ညနေပိုင်းတွင်      ရန်ကုန်မြို့ အမှတ် (၃)  ရေတပ်ဆိပ်ခံတံတား  (သီလဝါ) မှ  ထွက်ခွာရာ အလယ်ပိုင်း​ရေတပ်ကွပ်ကဲမှုဌာနချုပ် ​ ဌာနချုပ်မှူး   ဗိုလ်ချုပ်  ထိန်ဝင်းနှင့်   တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည် မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။
ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) ကို    အိန္ဒိယနိုင်ငံ    Visakhapatnam    မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက်အထိ ကျင်းပမည် ဖြစ်ပြီး အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆေးရှဲလ် စုစုပေါင်း ၁၆ နိုင်ငံမှ စစ်ရေယာဉ် ၂၄ စင်း  တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်