
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် အမှတ်စဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေးအတွက် လယ်ဝေးမြို့နယ်၏ အခြေခံမဲဆန္ဒရှင်စာရင်းများအား မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း စီမံချက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း နှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိ သူများ၊ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဌာန ဦးစီးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဌာနဦးစီးမှူး၊ ပြည်ထောင်စု နယ်မြေ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက အမှာစကားပြော ကြားပြီး အခမ်းအနားသို့ တက် ရောက်လာကြသည့် ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က မြေပြင်လူဦးရေစာရင်း တိုက် ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း စီမံချက်ပါ လုပ်ငန်းအဖွဲ့များ၏ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အဖွဲ့များခွဲ၍ စစ်ဆေးဆောင် ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ အဆိုပါ လုပ်ငန်းအဖွဲ့များ အနေဖြင့် လယ်ဝေးမြို့နယ်ရှိ ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၀ ရှိ လူဦးရေ ၁၂၉၄၀၃ ဦး၏ အခြေခံ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းကို ကွန်ပျူတာနည်း ပညာကို အသုံးပြု၍ အပြန်အလှန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်