နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်းဟာ  ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ 

 

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁
ချင်းပြည်နယ်    ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်       ဦးမောင်းဟာ တို့သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ဟားခါးမြို့ ပြည် နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊  ပြည်နယ်၊  ခရိုင်၊  မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။
အသိအမှတ်ပြု
တွေ့ဆုံရာတွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦးက      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အနေဖြင့် နိုင်ငံတော်တာဝန်များကို လွှဲပြောင်း တာဝန်ထမ်းဆောင်ခဲ့ရသည်မှာ တစ်နှစ်ကျော်ကာလသို့ရောက်ရှိ လာခဲ့ပြီဖြစ်ကြောင်း၊   ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ခုနှစ်နှင့် အညီ   နိုင်ငံတော်၏တာဝန်များ ကို   ထမ်းဆောင်ခဲ့ရခြင်းဖြစ်ပြီး  ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ်ချမှတ်၍  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်   နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း အသိစိတ်ဓာတ်ဖြင့်   တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြ သည်ကို   တွေ့ရှိရသဖြင့်   အသိ အမှတ်ပြု     အားပေးပါကြောင်း၊ နိုင်ငံတိုင်းသည်     မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက်  လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဝန်ထမ်းအချင်းချင်း စည်းလုံး ညီ ညွတ်စွာ အကောင်းဆုံး ဆောင်ရွက် ပေးကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။     ဆက်လက်၍     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဦးမောင်းဟာက      အမှာစကား     ပြောကြားသည်။ 
ရှင်းလင်းတင်ပြ
ထို့နောက်     ချင်းပြည်နယ် ဝန်ကြီးချုပ်   ဦးငွန်ဆန်းအောင်၊ ပြည်နယ်     သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်းနှင့် တာဝန် ရှိသူများက      ချင်းပြည်နယ်၏ ဒေသဆိုင်ရာ အချက်အလက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ    အကောင်အထည်  ဖော်   ဆောင်ရွက်နေမှု၊   လမ်း တံတားများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက် နေမှု၊ ပန်းခင်းစီမံချက်ဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများကို နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးနေမှု၊    စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့်  ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို    ရှင်းလင်း တင်ပြကြသည်။
ကြိုးပမ်းဆောင်ရွက်
ရှင်းလင်း   တင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ကာကွယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးက နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ တွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို    လုပ်ကိုင် လျက်ရှိကြရာ    စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်အောင်  ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်း ညွှန်ထားပါကြောင်း၊ စိုက်ဧကများ တိုးချဲ့ဖော်ထုတ်နိုင်ရေး၊ မျိုးကောင်း မျိုးသန့်အသုံးပြုရေး၊ စိုက်ပျိုးမြေ ကောင်းမွန်ရေးနှင့်   ရေရရှိရေး၊ နည်းစနစ်ကောင်းများဖြင့် စိုက် ပျိုးနိုင်ရေး      ကြိုးပမ်းကြရန်လို ကြောင်း၊ ဒေသဝင်ငွေတိုးတက် ရရှိနိုင်ရေးအတွက် ဒေသအလိုက် ဝ ဥ၊ ထောပတ်၊ လိမ္မော်နှင့် ကော်ဖီ များ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ နွားနောက်မွေးမြူရာ  တွင်       လွှတ်ကျောင်းစနစ်အစား ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေး နှင့် ဒေသဝမ်းစာဖူလုံရေးအတွက် နွား၊ ဝက်၊ ကြက်၊ ငါးမွေးမြူရေး လုပ်ငန်းများကို   ယခုထက်  ပိုမို မွေးမြူထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တင်ပြချက်များအပေါ်   လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။
သတင်းစဉ်