
နေပြည်တော် ဖေဖော်ဝါရီ ၂၁
မျက်မှောက်ကာလတွင် ဖြစ်ပွားလေ့ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစား ချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အပြစ်မဲ့ပြည်သူများအား အသက်တစ်ချောင်း ငွေငါးသောင်းဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သော ဖမ်းဆီးရမိ တရားခံများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်၊၊
ဆက်လက်၍ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “သထုံမြို့မဈေးအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲမှု ကြောင့် ဈေးရောင်း/ဈေးဝယ် ပြုလုပ်နေကြ သည့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဈေးဆိုင်ခန်းအများအပြား ပျက်စီး ဆုံးရှုံးခဲ့မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက် မည် ဖြစ်သောကြောင့် ပါဝင် ဆွေးနွေး လိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ မနက် ၁၀ နာရီမှ ၁၁ နာရီ အတွင်း ဖုန်း ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည် ဆက်သွယ်ရမည့် ဖုန်းတို့ကို Message ပေးပို့ ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေး အချက်အလက်များအား လျှို့ဝှက်ပေးထား မည်ဖြစ်ကြောင်း သိရသည်၊၊ သတင်းစဉ်