
နေပြည်တော် ဖေဖော်ဝါရီ ၂၀
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန တာဝန်ရှိသူများသည် ယနေ့ နံနက်တွင် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာ များကို သွားရောက်ဆက်ကပ် လှူဒါန်းသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် လတ်တလောဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သံဃာတော် များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိ စေရေးအတွက် စာသင်တိုက်များ သို့ လည်းကောင်း၊ ပရဟိတ ကျောင်းများသို့ လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းလျက်ရှိသည့်အပြင် ဒေသ အသီးသီးရှိ ကိုဗစ်-၁၉ စင်တာ များသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးလျက်ရှိသည်။
သတင်းစဉ်