ကပ်ရောဂါကာလအတွင်း အမေရိကန်၌ သေဆုံးသူဦးရေ တစ်သန်းကျော်ရှိလာ

 

နယူးယောက် ဖေဖော်ဝါရီ ၂၀ 


ကိုဗစ် -၁၉ ကပ်ရောဂါကာလအတွင်း  အမေရိကန် ပြည်ထောင်စု၌   သေဆုံးသူဦးရေမှာ    တစ်သန်း ကျော်  ရှိလာပြီဖြစ်ကြောင်း  သည်ဂါဒီးယန်းတွင် ဖော်ပြထားသည်။ 

 


သေဆုံးသူအများစုမှာ    ကိုဗစ် -၁၉  ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး  အချို့မှာ  ဆေးဘက်ဆိုင်ရာဂရုစိုက်မှုနည်းပါးမှု၊  ကျန်းမာရေးစနစ်တွင် ဝန်ပိမှု တို့ကြောင့်  သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း   အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်  ကာကွယ်ရေးစင်တာက ပြောသည်။   

 


အမေရိကန်တွင် လူပေါင်း  ၉၂၃၀၀၀ မှာ ကိုဗစ်- ၁၉ ကြောင့်   သေဆုံးသည်ဟု  အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာကပြောသည်။ အခြားသောသေဆုံးမှုများတွင်      နှလုံးရောဂါ၊  သွေးတိုးရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ကြောင့်သေဆုံးရခြင်းဖြစ်သည်။ 
အမေရိကန်အများစုမှာ  ကိုဗစ် - ၁၉   ကူးစက်ခံ ရစဉ်အတွင်း    စောင့်ရှောက်မှုခံယူရန်     အချိန် နှောင့်နှေးခြင်းနှင့် ကိုဗစ် - ၁၉ ကြောင့် တိုင်းပြည် ၏ ကျန်းမာရေးစနစ် ဝန်ပိမှုကြောင့်  ပြုစုစောင့်ရှောက် ခံရမှုနည်းပါးခြင်းတို့ကို တွေ့ရှိရသည်။ 

 


အမေရိကန်ပြည်ထောင်စုတွင် ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးမှုများလည်းရှိရာ ကပ်ရောဂါ ဖြစ်ပွားသည့်   ပထမနှစ်အတွင်း    မူးယစ်ဆေး ကြောင့်   သေဆုံးရသူ   ၁၀၀၀၀၀   ကျော်ရှိကြောင်း  သိရသည်။


ဆင်ဟွာ