ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူနှီးနှောဖလှယ်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၀


မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကို  ပြည်ထောင်စု နယ်မြေ(နေပြည်တော်) ပျဉ်းမနားမြို့နယ် စိုက်ပျိုး ရေးသိပ္ပံကျောင်း၌ တတိယနေ့တွင် “ဝါသီးနှံဖွံ့ဖြိုးဖို့ အားလုံးကြိုးပမ်းစို့”  ခေါင်းစဉ်ဖြင့်  ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနှီးနှောဖလှယ်ပွဲ အခမ်း အနားကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်အားပေးသည်။ 

 


အမြင်ချင်းဖလှယ်ဆွေးနွေး


အဆိုပါ   စကားဝိုင်းဖွင့်ပွဲ   အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တောင်သူ များ၏ လက်တွေ့ကြုံတွေ့နေရမှုနှင့် ဆန္ဒသဘော ထားများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြနိုင်စေ ရန်၊   တောင်သူအချင်းချင်းအကြား၊    တောင်သူနှင့် ဌာနဆိုင်ရာများအကြား၊ တောင်သူနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား  အပြန်အလှန်   ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်မည့်     အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်တို့အတွက် ယနေ့ဆွေးနွေးပွဲ ကို ကျင်းပရခြင်းဖြစ်၍ သက်ဆိုင်သူများအားလုံးက မိမိတို့ကျရာအခန်းကဏ္ဍများမှ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်      ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

 


အကြံပြုဆွေးနွေး


ထို့နောက် နေပြည်တော် အလယ်ကျွန်းကျေးရွာမှ ဝါတောင်သူ    ဦးသန်းလှိုင်၊    မြောင်မြိုက်ရွာမှ ဝါတောင်သူ ဦးစိုးဝင်း၊ ရမည်းသင်း သရက်ပင်ရွာမှ ဝါတောင်သူ ဦးကျော်အောင်၊ ပျော်ဘွယ်မှ ဝါကြိတ် စက်လုပ်ငန်းရှင် ဦးအောင်ဝေယံလင်း၊   သိမ်ကုန်း ကျေးရွာမှ  ဦးကျော်ဝင်းစိန်တို့က  ဝါသီးနှံစိုက်ပျိုး   ထုတ်လုပ်မှုဆိုင်ရာအတွေ့အကြုံများ၊ အရင်းအနှီး  လိုအပ်ချက်များနှင့် ဈေးကွက်အာမခံချက်ရရှိရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြ သူများ၊ တိုင်းဒေသကြီး ပြည်နယ်များမှ အွန်လိုင်း စနစ်ဖြင့်  တက်ရောက်ကြသူများက ပါဝင်အကြံပြု ဆွေးနွေးခဲ့ကြသည်။

 


အအခမဲ့ ထည့်သွင်းပေးမည်ခမဲ့


မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂ သို့ မည်သူမဆို လေ့လာနိုင်ကြောင်း   အဆိုပါပြပွဲကို   ဖေဖော်ဝါရီ ၁၈   ရက်မှ  ၂၂  ရက်အထိ     ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ      ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အသုံး ပြု၍ စိုက်ပျိုးပညာပေးခြင်း အခမ်းအနားကို ကျင်းပ သွားမည်ဖြစ်ကြောင်း၊   အဆိုပါအခမ်းအနားတွင် လူငယ်စွန့်ဦးတီထွင်ပညာရှင်များက   ဦးဆောင် ဆွေးနွေးမည်ဖြစ်ပြီး တောင်သူများ၏ မိုဘိုင်းဖုန်းတွင်  စိုက်ပျိုးရေးနည်းပညာအထောက်အကူပြု အပလီ ကေးရှင်းများ အခမဲ့ ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။                                        

သတင်းစဉ်