
ရန်ကုန် ဖေဖော်ဝါရီ ၂၀
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော် အား သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ရာတွင် ကြော်ငြာဘုတ် များကို ၄၅' x ၁၅' အရွယ်အစားသတ်မှတ်၍ စနစ်တကျ စိုက်ထူထားရှိပြီး ဖြစ်ပါသည်၊၊
စိုက်ထူပြီးကြော်ငြာဆိုင်းဘုတ်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွက် ပြန်လည်အငှားချထားမည်ဖြစ်ပါသဖြင့် ကြော်ငြာလုပ်ငန်း ဆောင်ရွက်ရန် လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်အချက် အလက်များကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၆ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန၊ စီမံဌာန ခွဲ၊ ကြော်ငြာဌာနစိတ် ဖုန်း ၀၁-၂၅၁၄၃၀ သို့ ဆက်သွယ်စုံစမ်းကြည့်ရှု ရွေးချယ်လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း သိရသည်၊၊
သတင်းစဉ်