
ဆော်ပေါ်လို ဖေဖော်ဝါရီ ၁၇
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး ပြည်နယ်ရှိ ပီထရိုပိုလီးစ်မြို့တွင် မြေပြိုပြီး ရေကြီးမှုများဖြစ်ပွား ခဲ့ရာ သေဆုံးသူ ၇၈ ဦးအထိ ရှိလာခဲ့ကြောင်းနှင့် ကလေးငယ် ခြောက်ဦးပါဝင်ကြောင်း ဒေသ အာဏာပိုင်များက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားလိုက် သည်။
၁၉၃၂ ခုနှစ်ကလည်း အဆိုး ဆုံးဖြစ်ခဲ့ပြီး နှစ်ပေါင်းရာကျော် အချိန်အတွင်း မိုးရေချိန် ၂၄၀ မီလီမီတာအထိ ရောက်ရှိခဲ့ကြောင်း ရိုယိုဒီဂျနေးရိုး ပြည်နယ်အုပ်ချုပ် ရေးမှူး ကလောဒီယိုကတ်ထရိုက သတင်းထောက်များကို ပြောကြား ခဲ့သည်။
တောင်ကုန်း ထူထပ်သော မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများသည် ဖေဖော်ဝါရီ ၁၅ ရက် က ဖြစ်ပွားခဲ့သည်။ အဆိုပါမြို့ သည် ရီယိုဒီဂျနေးရိုးမြို့၏ မြောက်ဘက် ၆၈ ကီလိုမီတာ အကွာတွင်ရှိပြီး မြေပြိုမှု ၅၀ ထက် မက ဖြစ်ပွားခဲ့သည်။ ခြောက် နာရီအတွင်း ပီထရိုပိုလီတွင် ဖေဖော်ဝါရီတစ်လလုံးထက် ပိုများ သည့်မိုးရွာသွန်းမှုများဖြစ်ခဲ့သည်။ အုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ ဘေးဒုက္ခအခြေအနေ ကြေညာရ သည်အထိ ဖြစ်စေခဲ့သည်။
အဆိုပါ ဖြစ်စဉ်များကြောင့် လူ ၂၁ ဦးကို ကယ်တင်ခဲ့ရပြီး ပျောက်ဆုံးနေသူ အရေအတွက် ယခုအချိန်အထိ မသိရသေး ကြောင်း မြို့တော်အရပ်ဘက် ကာကွယ်ရေး အတွင်းရေးမှူး ဂီလ်ကမ်ပါက ပြောသည်။
လှူဒါန်းပစ္စည်းများနှင့် ကုန် တင်ကားများသည် ပီထရိုပိုလစ် သို့ရောက်ရှိခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၇ ရက်အထိ မိုးသည်း ထန်စွာ ရွာသွန်းပြီး ရေကြီးမှု များဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်း ထားသည်။
ဆင်ဟွာ