
ဝါရှင်တန် ဖေဖော်ဝါရီ ၁၇
ယူကရိန်းအကျပ်အတည်းကို သံတမန်နည်းလမ်းသုံးပြီး တင်းမာမှု ကို လျှော့ချရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ချိုဇ်တို့က တိုက်တွန်းပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းအနီး ရုရှားတို့၏ စစ်ရေးကြီးထွား လာခြင်းနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က ဖုန်းဖြင့် ဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးပွဲပြီးနောက် အိမ်ဖြူတော်က ခေါင်းဆောင်နှစ်ဦး၏ ပြောစကားများကို ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ဘိုင်ဒန်နှင့်ချိုဇ်တို့က သံတမန်နည်းလမ်းဖြင့် အတ္တလန္တိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်ရန် အရေးကြီးပုံကို မီးမောင်းထိုးပြ ခဲ့သည်။
ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူက အလားတူထုတ်ပြန်ခဲ့ရာ အဆိုပါထုတ်ပြန်ချက်တွင် နှစ်ဖက်ခေါင်းဆောင်များက သံတမန် ဆိုင်ရာ ကြိုးစားမှုများကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်၏ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ဖော်ပြ ခဲ့သည်။
ထို့အပြင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုများကို လုပ်ဆောင် ရန် အရေးကြီးကြောင်း နှစ်ဖက်ခေါင်းဆောင်များက သဘောတူခဲ့သည် ဟု ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်ခဲ့မည်ဆိုပါက ပြင်းထန် သောအကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဘိုင်ဒန်နှင့် ချိုဇ် တို့က ထပ်လောင်းပြောကြားလိုက်သည်။
အင်န်အိတ်ချ်ကေ