
နတ်တလင်း ဖေဖော်ဝါရီ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးရုံးမှ လဝကမှူး ဒေါ်သက်သက်ထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဖေဖော်ဝါရီ ၁၅ ရက်က တာပွန် အ-ထ-က မှ ဒသမတန်းနှင့် နဝမတန်း ကျောင်းသား ကျောင်းသူ ၄၀ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးကိုယ်စား ဆရာမ ဒေါ်အေးအေးမော်က လက်ခံ ရယူသည်။
တင်မြင့်(နတ်တလင်း)