အမေရိကန်နှင့် ရုရှား တို့ ယူကရိန်းအရေး ဆက်လက်ဆွေးနွေး

 

ဝါရှင်တန်   ဖေဖော်ဝါရီ   ၁၆ 


ယူကရိန်းအနီးမှ တပ်ဖွဲ့ဝင်များ တစ်စိတ်တစ်ပိုင်း ပြန်လည်ဆုတ်ခွာလာပြီဆိုသည့် ရုရှား၏ ကြေညာ ချက်အပေါ်    အနောက်နိုင်ငံများက   သတိထား စောင့်ကြည့်လျက်ရှိသည်။ 

 


စစ်ရေးလေ့ကျင့်မှုများပြီးဆုံးပြီးနောက် တပ်ဖွဲ့ ဝင်များ    ပြန်လည်ဆုတ်ခွာလာကြောင်း     ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်က ပြောကြားလိုက်သည်။ 

 


သို့သော်လည်း ရုရှား၏ ပြောကြားချက်အပေါ်  အမေရိကန်နိုင်ငံက အတည်မပြုနိုင်သေးကြောင်း အမေရိကန်သမ္မတ     ဂျိုးဘိုင်ဒင်က   ဖေဖော်ဝါရီ ၁၅ ရက်က ပြောကြားလိုက်သည်။ 

 


အမေရိကန်ပြည်ထောင်စုနှင့်     ရုရှားတို့သည် ယူကရိန်းအခြေအနေနှင့်ပတ်သက်ပြီး   ဆက်လက် ဆွေးနွေးရန်   သဘောတူခဲ့သည်။    သို့သော်လည်း ယူကရိန်း  နေတိုးနှင့် ပူးပေါင်းမည့်ကိစ္စနှင့် ပတ်သက် ပြီး   နှစ်ဖက်စလုံးတွင်   အံမဝင်ခွင်မကျ   ဖြစ်လျက် ရှိသည်။ 
ရုရှားသမ္မတ   ဗလာဒီမာပူတင်က   ရုရှားနိုင်ငံ အနေဖြင့်   စစ်ပွဲကို  အလိုမရှိကြောင်း   ဖေဖော်ဝါရီ ၁၅    ရက်က   ပြောကြားလိုက်သည်။   တစ်ဆက် တည်းပင် ပူတင်က ယူကရိန်းအား  နေတိုးအဖွဲ့ထဲသို့ မည်သည့်အခါတွင်မှ       ဝင်ရောက်ခြင်း   မပြုရန် တောင်းဆိုလိုက်သည်။   ဘိုင်ဒင်က   နိုင်ငံတိုင်းတွင် အချုပ်အခြာအာဏာရှိသလို ပိုင်နက်တည်တံ့ခိုင်မြဲခွင့် ရှိကြောင်းနှင့်   ၎င်းတို့လမ်းကြောင်းကို  ၎င်းတို့ ကိုယ်တိုင် ချမှတ်နိုင်သည့် ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိကြောင်း၊ မည်သည့်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် မည်ကို ၎င်းတို့ကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ခွင့် ရှိကြောင်း ပြောကြားလိုက်သည်။ 

 


လက်နက်ထိန်းချုပ်ရေး   ဆောင်ရွက်ချက်သစ် နှင့် နေတိုးနှင့် ရုရှားအပေါ် သက်ရောက်မှုရှိစေမည့်  မဟာဗျူဟာ တည်ငြိမ်ရေးဆောင်ရွက်ချက်များကို အဆိုပြုထားကြောင်း ဘိုင်ဒင်က ပြောသည်။ 


အင်န်အိတ်ချ်ကေ