အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု ပတ္တမြားကျေးရွာနှင့် မဟာအောင်မြေမြို့နယ်  စကြနွယ်စဉ်ရပ်ကွက်၊ ဆူးလေဗလီရပ်တို့မှ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့


 

 

မန္တလေး    ဖေဖော်ဝါရီ    ၁၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု ပတ္တမြားကျေးရွာနှင့် မဟာအောင်မြေမြို့နယ် စကြနွယ်စဉ်ရပ်ကွက် ဆူးလေဗလီရပ်တို့မှ မီးဘေးသင့်အိမ်ထောင်စုများအား  ဖေဖော်ဝါရီ ၁၅ ရက်  ညနေပိုင်းက အဆိုပါနေရာများသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ပေးအပ်ရာတွင် တိုင်း ဒေသကြီး   လုံခြုံရေးနှင့်   နယ်စပ် ရေးရာဝန်ကြီး           ဗိုလ်မှူးကြီး ကျော်ကျော်မင်းက အားပေးစကား များပြောကြားပြီး   တိုင်းဒေသကြီး           ဝန်ကြီးများနှင့်   သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများက    ထောက်ပံ့ ငွေများ၊ ဆန်အိတ်များ၊    ကယ်ဆယ် ရေး   ပစ္စည်းများကို    မီးဘေးသင့် အိမ်ထောင်စုများထံ ပေးအပ်သည်။ 
မီးဘေးသင့်အိမ်ထောင်စုများထောက်ပံ့ပေးမှု   အစီအစဉ်တွင် ပတ္တမြားကျေးရွာ       မီးဘေးသင့်  ပြည်သူများအတွက်   မန္တလေးတိုင်း ဒေသကြီး     အစိုးရအဖွဲ့မှ    အိမ်ခြေ    တစ်လုံးလျှင်  ငွေကျပ် တစ်သိန်းနှုန်း ဖြင့်   အိမ်ခြေ   ၁၃   လုံး   အတွက် ငွေကျပ် ၁၃ သိန်း၊ လူဦးရေ ၅၈ ဦး အတွက်    တစ်ဦးလျှင်     ငွေကျပ် ၅၀၀၀၀    ဖြင့်   ငွေကျပ်  ၂၉  သိန်း စုစုပေါင်းငွေကျပ်  ၄၂ သိန်းကို လည်း ကောင်း၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ    အိမ်ခြေ  ၁၃      လုံးအတွက်     ဆန်     ၁၃   အိတ်၊        မန္တလေးတိုင်းဒေသကြီး  ဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှု ဦးစီးဌာနမှ    အိမ်ခြေ    ၁၃       လုံး အိမ်ထောင်စု ၁၃ စု၊  လူဦးရေ ၅၈ ဦး အတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး ငွေကျပ်  ၁၃ သိန်း၊ ဆန်ရိက္ခာ ဖိုးနှင့်        ကယ်ဆယ်ရေးပစ္စည်း ၁၇    မျိုး    စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၀၅၉၂၆၈    ကိုလည်းကောင်း၊   စကြနွယ်စဉ်ရပ်ကွက်        ဆူးလေ ဗလီရပ်    မီးဘေးသင့်ပြည်သူများ အတွက်    မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ     အိမ်ခြေတစ်လုံးလျှင် ငွေကျပ်တစ်သိန်းနှုန်း ဖြင့်    အိမ်ခြေ   ၁၈  လုံးအတွက်  ငွေကျပ် ၁၈ သိန်း၊ လူဦးရေ ၁၂၅ ဦး အတွက်  တစ်ဦးလျှင်     ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့်  စုစုပေါင်း တန်ဖိုး ငွေကျပ်  ၈၀၅၀၀၀၀    ကို လည်းကောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေး     ကော်မတီမှ  အိမ်ခြေ   ၁၈  လုံး၊   အိမ်ထောင်စု ၂၈ စုအတွက် ဆန်  ၂၈ အိတ်ကို လည်းကောင်း၊    တိုင်းဒေသကြီး      ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ခြေ ၁၈  လုံး၊  အိမ်ထောင်စု   ၁၈   စု  လူဦးရေ   ၁၂၅     ဦးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး ငွေကျပ် ၁၈      သိန်း၊   ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း  ၁၇   မျိုး    စုစုပေါင်း           တန်ဖိုးငွေကျပ်  ၃၄၃၅၅၀၈  တို့ကို ထောက်ပံ့ပေးခဲ့ သည်။ 
ယနေ့   ထောက်ပံ့ပေးမှုတွင် ပတ္တမြားကျေးရွာမှ     မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ ငွေ   စုစုပေါင်းငွေကျပ်   ၆၆၈၈၂၆၈ နှင့် ဆူးလေဗလီရပ်မှ      မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ်  ၁၂၄၀၉၅၀၈  တို့ ဖြစ်ကြောင်း သတင်းရရှိသည်။   
 သတင်းစဉ်