အာဖဂန်နစ္စတန်နိုင်ငံ၌ စီးပွားရေးစိန်ခေါ်မှုများ  ရှိနေဆဲဖြစ်သော်လည်း   လုံခြုံရေးတွင် တိုးတက်မှုရှိလာ

 

 

ကဘူးလ် ဖေဖော်ဝါရီ ၁၅
၂၀၂၁ ခုနှစ်အတွင်း ဩဂုတ်လအတွင်း အမေရိကန်ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်မြေပေါ်မှ ဆုတ်ခွာပြီးနောက် တာလီ ဘန်တို့က တိုင်းပြည်ကို ထိန်းချုပ်ခဲ့သည်။ 
ဆိုးဆိုးရွားရွား ထိခိုက်စေ
အာဖဂန်စစ်ပွဲ ပြီးဆုံးသွားသော်လည်း စီးပွားရေးအကျပ်အတည်း များက   အာဂဖန်နိုင်ငံ၏  အခြေအနေကို  ဆိုးရွားစေခဲ့သည်။  ဆင်းရဲ မွဲတေမှုက တိုင်းပြည်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။  
ပြီးခဲ့သည့်    ခြောက်လအတွင်း    အာဖဂန်နစ္စတန်နိုင်ငံတွင် မည်သည့်တိုက်ပွဲမျှ မရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လ အတွင်း တာလီဘန်များ အာဏာရရှိပြီးနောက်  အာဖဂန်နစ္စတန်နိုင်ငံ တွင် မည်သည့်တိုက်ပွဲမျှ ကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်း မရှိချေ။
ညသန်းခေါင်ယံ သွားလာနိုင်ပြီ  
အိုင်အက်စ်အကြမ်းဖက်အုပ်စုသည်လည်း       ကြီးမားသည့် တိုက်ခိုက်မှုကြီးများကို  ပြုလုပ်နိုင်ခြင်းမရှိချေ။   ညသန်းခေါင်ယံ အချိန်တွင်ပင်  တစ်နေရာမှ  တစ်နေရာသို့ သွားလာနိုင်ပြီဖြစ်ကြောင်း  ကဘူးလ်မြို့မှ ပျံကျဈေးသည်တစ်ဦးဖြစ်သူ နော်အက်ခ်က ဆင်ဟွာ သို့ ပြောသည်။
ဆင်ဟွာ