အင်ဒိုနီးရှားနိုင်ငံ၌ လှိုင်းလုံးကြီးများကြောင့် လူ ၁၁ ဦး သေဆုံး

 

 

ဂျကာတာ ဖေဖော်ဝါရီ ၁၅
အင်ဒိုနီးရှားနိုင်ငံ၌   လူ ၂၄ ဦးမှာ  လှိုင်းလုံးမြင့်ကြီး များကြောင့် အဝေးသို့ပါသွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ၁၁ ဦး သေဆုံးသွားခဲ့သည်ဟု  သိရသည်။ 
အဆိုပါလူအုပ်စုမှာ  ကမ်းခြေတွင်  ဆုတောင်း မှုပြုလုပ်နေကြသည့် အုပ်စုဖြစ်ကြောင်း ဒေသခံရဲများ က ပြောသည်။  အဆိုပါဖြစ်ရပ်မှာ  အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားတွင်   ဖေဖော်ဝါရီ ၁၂ ရက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လှိုင်းလုံးများနောက်      ပါသွားသူများမှာ  အသက်  ၂ နှစ်မှ  ၅၅  နှစ်အထိ  ဒေသခံရွာသားများ ဖြစ်ကြောင်း   သိရသည်။     အသက်ရှင်ကျန်ရစ်သူ တစ်ဦးက ၎င်းတို့သည့်  သန့်စင်ရေးထုံးတမ်းစဉ်လာ တစ်ခုအနေဖြင့်  ပင်လယ်ထဲတွင် လက်ချင်းချိတ်ကာ ရပ်နေခဲ့ကြကြောင်း ပြောသည်။ 
လှိုင်းလုံးကြီးများ    ရိုက်ခတ်နိုင်သည့်အတွက်   ကမ်းခြေကို ရှောင်ရှားကြရန် ဒေသခံကမ်းခြေစောင့် အဖွဲ့က  အဆိုပါအုပ်စုကို  သတိပေးခဲ့ကြောင်း   သိရ သည်။ အုပ်စုခေါင်းဆောင်အပါအဝင်  အသက်ရှင် ကျန်ရစ်သူ ၁၃ ဦးကို ရဲများက စုံစမ်းမေးမြန်းမှုများပြုလုပ်နေကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ