
တိုကျို ဖေဖော်ဝါရီ ၁၅
ကိုဗစ် -၁၉ ကာကွယ်ဆေး ၁၀ သန်းကို ဝယ်ယူနိုင်ရေးအတွက် အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် ဖိုက်ဇာနှင့် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနတို့ သဘော တူညီချက်ရရှိပြီးဖြစ်ကြောင်း သိရသည်။
နောက်ထပ်ဝယ်ယူထားသည့် ကာကွယ် ဆေးများမှာ မတ်လတွင် ရောက်ရှိမည်ဖြစ်ပြီး တတိယအကြိမ် ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်ကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင် လိမ့်မည်ဟု ကျန်းမာရေးဝန်ကြီး ဂိုတိုရှီဂီ ယူကီက ဖေဖော်ဝါရီ ၁၄ ရက်တွင် သတင်း ထောက်များကို ပြောသည်။
ထို့ပြင် ဖိုက်ဇာကုမ္ပဏီနှင့် နောက်ထပ် သဘောတူညီမှုကိုလည်း ဖွင့်ဟပြောဆိုခဲ့ သည်။ သဘောတူညီမှုအောက်တွင် ဖိုက်ဇာ ကုမ္ပဏီသည် လာမည့်လအတွင်း နောက်ထပ် ကာကွယ်ဆေး ခြောက်သန်းကို ဂျပန်နိုင်ငံ သို့ ပေးပို့ရမည်ဖြစ်သည်။
ယခုနှစ်အတွင်း ကာကွယ်ဆေးအလုံးရေ သန်း ၁၂၀ ကို ပေးသွားရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ကလေးငယ် များအတွက် ကာကွယ်ဆေးအလုံးရေ ၁၂ သန်းနှင့် အခြားသော အသက်အပိုင်းအခြားများ အတွက် ကာကွယ်ဆေးအလုံးရေ ၃၄ သန်းကို အသုံးပြုမည်ဖြစ်သည်။
အဆိုပါကာကွယ်ဆေးများကို ဇန်နဝါရီ လနှင့် မတ်လတို့တွင် သုံးစွဲသွားမည်ဖြစ်သည်။ ထို့ပြင် ဂျပန်နိုင်ငံသည် အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် မော်ဒါနာနှင့် လည်း သဘောတူစာချုပ် ချုပ်ဆိုထားပြီး ဇန်နဝါရီလမှ မတ်လအထိ ကာကွယ်ဆေး အလုံးရေ ၁၈ သန်း ရရှိမည်ဖြစ်သည်။
တတိယအကြိမ် ကာကွယ်ဆေးထိုးခြင်း ဖြင့် ကိုဗစ် - ၁၉ ကြောင့် ပြင်းထန်သည့် ရောဂါလက္ခဏာများကို ကာကွယ်ပေးသည့် အတွက် ကာကွယ်ဆေးကို လျင်လျင်မြန်မြန် ထိုးကြရန် ဂိုတိုက တောင်းဆိုခဲ့သည်။
နောက်ထပ် ကာကွယ်ဆေးထုတ်လုပ် သည့်ကုမ္ပဏီများနှင့်လည်း သဘောတူညီမှု များပြုလုပ်ကာ တတိယအကြိမ် ကာကွယ် ဆေးထိုးနှံပေးမည်အစီအစဉ်ကို အဆင်ပြေ ချောမွေ့စေရေး လုပ်ဆောင်မည်ဟုလည်း ၎င်းက ကတိပြုပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ