ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကျင်းပ

 

 

လွိုင်ကော်       ဖေဖော်ဝါရီ   ၁၅
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော် မျိုးတင်က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များနှင့် ပတ်သက်၍ ထပ်ဆင့်ရှင်းလင်း ရာတွင် ပြည်သူများနှင့် ဌာနဆိုင်ရာများစုပေါင်းအား ဖြင့် ဆောင်ရွက်လျှင် လုပ်ငန်းများအားလုံး အောင်မြင် မည်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများ     ဖူလုံမှုရှိစေရေးတို့သည် အရေးကြီးသည့် အချက်နှစ်ချက်ဖြစ်ပြီး မဖြစ်မနေ ကြိုးပမ်းအကောင်အထည်ဖော်     ဆောင်ရွက်ရန် လိုကြောင်း၊        တိုင်းပြည်တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်အတွက် ပညာတတ်များ လိုအပ်သောကြောင့်   အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများ၊     အသက်မွေးဝမ်း ကျောင်းများ    ပြန်လည်ဖွင့်လှစ်နိုင်ရေး   ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊    ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊  ကုသ၊ ထိန်းချုပ်ရာတွင်  လိုအပ်သည့်  ကာကွယ်ဆေးထိုး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင် ရွက်ရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက်   ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အားကစား ၊ စီးပွားရေး ၊ စက်မှုလုပ်ငန်း၊ စက်မှုလယ်ယာလုပ်ငန်းများ၊    မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကိုလည်း     ပြည်သူများအကျိုး အတွက် တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်အနေဖြင့်      မော်တော်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနေပြီး   လျှပ်စစ်မီးရရှိမှုအနေဖြင့် လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်တို့တွင် ၂၄ နာရီ ပုံမှန်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် မြို့နယ်များတွင်လည်း           လျှပ်စစ်မီးအမြန်ဆုံး ပြန်လည်ရရှိအောင်    ကြိုးစားဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း    အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာ အသီးသီးတို့က ပြည်နယ်အတွင်း ပြည်သူများအကျိုး အတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆောင် ရွက်ပေးမည့်အခြေအနေများကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ       လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့နှင့်   ပြည်နယ်အဆင့် ဌာနဆိုင်ရာ  စုစုပေါင်း   ၅၂  ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို      ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။            
  ပြည်နယ်
(ပြန်/ဆက်)