
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် ကာလအတွင်း ဆွမ်း ကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီး ဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာ ထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများသို့ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်း ခြင်းများ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဝါဆိုဦး ကျောင်းတိုက်နှင့် မြဝတီမြို့နယ်ရှိ ကိုးနဝင်းကျောင်းဇောတိရတနာ စာသင်တိုက်တို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်ရှိ လေးကျွန်းမြေအုဋ္ဌ် ကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မြို့နယ်ရှိ သာသနာ့ဝေပုလ္လ ကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရှိ အောင်မြေဘုံစံကျောင်းတိုက်သို့ လည်းကောင်း ဆရာ တော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲ ရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာန များမှ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိ သူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်