တရုတ်နိုင်ငံက Pfizer မှ ထုတ်လုပ်သည့် သောက်ဆေးအမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတင်သွင်းမှု ခွင့်ပြုပေးခဲ့

ပေကျင်း   ဖေဖော်ဝါရီ   ၁၃


တရုတ်နိုင်ငံသည် အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Pfizer မှ ထုတ်လုပ်သည့် သောက်ဆေး အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား နိုင်ငံအတွင်းတင်သွင်းမှုကို    ခွင့်ပြုပေးခဲ့ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်ကို အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်က ဖော်ပြထားသည်။


တရုတ်နိုင်ငံအနေဖြင့်    အဆိုပါသောက်ဆေး အမျိုးအစား ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးအား နိုင်ငံအတွင်း တင်သွင်းမှုကို ပထမဆုံးအကြိမ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း တရုတ်မီဒီယာများက ရေးသားဖော်ပြထားသည်။


တရုတ်နိုင်ငံသည် Pfizer မှ ထုတ်လုပ်သည့်  Paxlovid အမည်ရှိ     သောက်ဆေးအမျိုးအစား ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေးတင်သွင်းမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အတည်ပြုခဲ့ခြင်းဖြစ် ကြောင်း တရုတ်နိုင်ငံ၏ ဆေးဝါးအာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကြေညာခဲ့သည်။
ယင်းသောက်ဆေးအမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  တင်သွင်းရောင်းချသူများအနေဖြင့် ဆေးဝါးနှင့်စပ်လျဉ်း၍     လေ့လာမှုရလဒ်များကို        တရုတ်နိုင်ငံဆေးဝါးအာဏာပိုင်အဖွဲ့ထံသို့ တင်ပြရ မည်ဖြစ်ကြောင်းလည်း သိရသည်။


အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့


Pfizer မှ ထုတ်လုပ်သည့်    Paxlovid  အမည်ရှိ သောက်ဆေးအမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအား    အရေးပေါ်အသုံးပြုရန်   အမေရိကန် အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဌာနက ဒီဇင်ဘာလအတွင်း    အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရကလည်း   လွန်ခဲ့သည့်ရက်ပိုင်း အတွင်းက  အရေးပေါ်အသုံးပြုရန်  အတည်ပြုခဲ့ ကြောင်း သိရသည်။


ကိုးကား - အင်န်အိတ်ချ်ကေ
 ဘာသာပြန် - အလင်းသစ်