တောင်ကိုရီးယား၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၆၄၃၁ ဦးဖြင့် နေ့စဉ်ကူးစက်မှုစံချိန်တင်

ဆိုးလ်    ဖေဖော်ဝါရီ   ၁၃


တောင်ကိုရီးယားနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေစဉ်   လွန်ခဲ့သည့်  ၂၄  နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၅၆၄၃၁ ဦး   စစ်ဆေးတွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း  ကိုဗစ်-၁၉  ရောဂါစတင်ဖြစ်ပွားချိန် မှစ၍ ယနေ့အထိ နေ့စဉ် ရောဂါကူးစက်မှုအများဆုံး ဖြစ်လာကြောင်း  တောင်ကိုရီးယား  ကျန်းမာရေး အာဏာပိုင်များက ယနေ့ပြောကြားသည်။


လွန်ခဲ့သည့်  ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၆၄၃၁ ဦး စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် တောင်ကိုရီးယားတွင် အဆိုပါ ရောဂါ   ကူးစက်ခံရသူပေါင်း   ၁၃၅၀၆၃၀  ရှိလာ ကြောင်း တောင်ကိုရီးယားကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်တားဆီးရေးအေဂျင်စီက ပြောကြား သည်။
ယနေ့စစ်ဆေးတွေ့ရှိခဲ့သည့်ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်များအနက် ၁၁၇၇၇ ဦးမှာ   မြို့တော်ဆိုးလ်ဒေသတွင်   နေထိုင်ကြပြီး  ကျန် ၁၇၀၆၅ ဦးနှင့် ၄၄၆၉ ဦးတို့သည်  ဂျောင်ဂီ ပြည်နယ်နှင့်     အင်ချောင်ဆိပ်ကမ်းမြို့တို့တွင် နေထိုင်ကြကြောင်း သိရသည်။


တောင်ကိုရီးယား၌ တစ်ရက်အတွင်း စစ်ဆေး တွေ့ရှိသည့်   ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်များအနက် ၁၃၄ ဦးမှာ ပြည်ပနိုင်ငံများမှ ပြန်လာသူများ ဖြစ်ကြသည်။ 


ယခုအခါ တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပ  နိုင်ငံများမှ ပြန်လာခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း   ၂၇၂၂၄   ဦးရှိလာကြောင်း  သိရသည်။
အလားတူ     တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၃၆ ဦး   ထပ်မံသေဆုံးခဲ့သဖြင့်  လက်ရှိအချိန် အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၇၀၈၁ ဦး ရှိလာသည်။  လက်ရှိ    တောင်ကိုရီးယားနိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးမှုနှုန်းမှာ နိုင်ငံအတွင်း  ကိုဗစ်-၁၉  ရောဂါ  ကူးစက်ခံရသူ အားလုံး၏ သုည ဒသမ ၅၂ ရာခိုင်နှုန်းခန့်ရှိသည်။


တောင်ကိုရီးယားအစိုးရသည်       ပြည်သူ ၄၄၇၃၁၄၀၆  ဦး သို့မဟုတ် လူဦးရေစုစုပေါင်း၏ ၈၇ ဒသမ ၂ ရာခိုင်နှုန်းကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ပြည်သူ  ၄၄၂၁၉၇၆၄ ဦး သို့မဟုတ် လူဦးရေစုစုပေါင်း၏ ၈၆ ဒသမ ၂ ရာခိုင်နှုန်းကို ဒုတိယအကြိမ် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ထို့ပြင် တောင်ကိုရီးယားပြည်သူ ၂၉၄၂၁၄၆၃ ဦး  သို့မဟုတ် လူဦးရေစုစုပေါင်း၏  ၅၇  ဒသမ  ၃  ရာခိုင်နှုန်းခန့်သည် တတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု ခံယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။          

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ