နယ်စပ်ရေးရာဝန်ကြီးဌာနမှ စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၃


နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ  ဘုန်းကြီးကျောင်းများတွင် ဆွမ်း ဆန်တော်၊ ဆီ၊  ကုလားပဲ   အမယ် သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ      ရဟန်း၊ သာမဏေများအတွက်   ဆက်ကပ်လှူဒါန်း လျက်ရှိသည့်အပြင်       မြန်မာနိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသည့်   ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးအတွက်      ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အား ဖြည့်အစားအစာများကို  ထောက်ပံ့လှူဒါန်း လျက်ရှိသည်။ 

 


ထိုသို့လှူဒါန်းလျက်ရှိရာ     ယနေ့တွင်   ရေဖြူမြို့နယ်     ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး  ဦးခင်ဇော်နှင့် ရုံးဝန်ထမ်းများက ရေဖြူမြို့နယ် ကရင်ရှင် ထဘီကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုး ကျောင်းသို့   ဆန် ၁၀ အိတ်၊  ဆီ ၁၂ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ  စသည့်စားနပ်ရိက္ခာ ထောက်ပံ့ပစ္စည်းများကို    သင်းအုပ်ဆရာမ  နော်ဖောခူ ထံသို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာ     ဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့်    ခရိုင်/မြို့နယ် များရှိ ဘုန်းတော်ကြီးကျောင်းနှင့် ကိုဗစ် -၁၉   ကုသရေးစင်တာများသို့လည်း     ဆက်လက် ထောက်ပံ့     လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်