ကျိုက်လတ်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

 

ကျိုက်လတ် ဖေဖော်ဝါရီ  ၁၃


ဧရာဝတီတိုင်းဒေသကြီး  ကျိုက်လတ်မြို့နယ် တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး  ပညာပေးလှုပ်ရှားမှု ကို ဖေဖော်ဝါရီ ၁၃ ရက်က အမှတ်(၁)ရပ်ကွက် အောက်ရွာလေးဈေးနှင့်  အမှတ်(၂)ရပ်ကွက် ဖျာပုံ - ကျိုက်လတ်ကားလမ်း(၂) လမ်းထိပ်တို့ တွင် ပြုလုပ်သည်။    

 


 မြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့်အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများက    ဒေသခံပြည်သူများအား မြန်မာနိုင်ငံတွင်  အိုမီခရွန်  ကူးစက်သူများ ရှိနေပြီဖြစ်ပြီး     ကျိုက်လတ်မြို့နယ်တွင်လည်း ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိ သူများ  ရှိနေပြီဖြစ် ၍   ပြည်သူများအနေဖြင့်  နေအိမ်ပြင်ပထွက်ခွာ ပါက   နှာခေါင်းစည်းကို  စနစ်တကျတပ်ဆင် သွားလာကြရန်၊   အရာဝတ္ထုတစ်ခုခုကို  ကိုင် တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြော ပေးရန်၊  လက်ကိုဆေးကြောခြင်းမပြုမီပါးစပ်၊ နှာခေါင်းနှင့်     မျက်စိတို့ကိုပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊    အပြင်ထွက်ရာမှ ပြန်လာတိုင်း   နှာခေါင်းစည်းများကို   စနစ် တကျစွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦး နှင့်တစ်ဦး  ခပ်ခွာခွာနေကြရန်၊  ကိုဗစ်-၁၉  ရောဂါ    ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ် ပြည့် မပျက်မကွက်ခံယူကြရန်  အသိပညာပေး  ပြောကြား၍ နှာခေါင်းစည်း အခုရေ  ၂၃၀၀ ကို အခမဲ့ဖြန့်ဝေပေးသည်။


မြို့နယ်
(ပြန်/ဆက်)