ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများအသင့်ပြင်ဆင်ဆောင်ရွက်ထားရှိ

 

ရန်ကုန်   ဖေဖော်ဝါရီ  ၁၃


ရန်ကုန်တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်   ဦးစိုးသိန်း၊ တိုင်းမှူး      ဗိုလ်ချုပ်ညွန့်ဝင်း ဆွေနှင့်    တိုင်းဒေသကြီး    ဝန်ကြီးများသည်    ဖေဖော်ဝါရီ  ၁၀  ရက်က  အင်းစိန်မြို့နယ်  သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန် တော်၊   မရမ်းကုန်းမြို့နယ်  မြန်မာကွန်ဗင်းရှင်းစင်တာ    MCC  ခန်းမနှင့်   လှိုင်မြို့နယ်    လှိုင်ကိုဗစ်- ၁၉ ကုသရေးစင်တာများကို   လိုအပ်လာပါက      အဆင် သင့်    အသုံးပြုနိုင်ရေး   ပြန်လည်ပြင်ဆင်ဆောင်ရွက် နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်   ရန်ကုန်တိုင်းစစ်ဌာနချုပ်၏  စီမံဆောင်ရွက်မှု ဖြင့်    အင်းစိန်မြို့နယ်  သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင်   သံဃာတော်အပါး  ၁၉၀   အတွက်   ကုသရေးစင်တာပြင်ဆင်ထားရှိမှု ၊    တိုင်းဒေသကြီး အစိုးရအဖွဲ့၏    အစီအစဉ်ဖြင့်   မရမ်းကုန်းမြို့နယ်   မြန်မာကွန်ဗင်းရှင်းစင်တာ  MCC  တွင်   ဦးရေ ၄၃၀ ထားရှိ  ကုသနိုင်ရေးပြင်ဆင်ဆောင်ရွက် နေမှု ၊ MCC စင်တာရှိ တန်  ၂၀  Liquid  Oxygen Tank  မှ တစ်ရက်လျှင် လီတာ ၄၀ ဆလင်ဒါအိုး   ၁၀၀၀ ခန့်     ထုတ်လုပ်နိုင်မှုအခြေအနေများ၊    အောက်ဆီဂျင် အရည်ပါ  လီတာ  ၄၀  ဆလင်ဒါအိုးအသစ်  ၂၄၀၀ ကျော် စုဆောင်းထားရှိပြီး လိုအပ်လာပါက    ပြည်သူ့ ဆေးရုံများ၊   ကိုဗစ် - ၁၉  ကုသရေးစင်တာများသို့ အောက်ဆီဂျင်ပြတ်လပ်မှု     မရှိစေရေးအတွက်     ပြန်လည်မျှဝေပေးနိုင်သည့်      အခြေအနေများ၊   လှိုင်မြို့နယ် လှိုင်  ကိုဗစ်- ၁၉ ကုသရေးစင်တာတွင်      အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ဖြင့်  လီတာ ၄၀   ဆလင်ဒါအိုးများတွင်  အောက်ဆီဂျင်ဖြည့်သွင်းထားရှိပြီး   တစ်ရက်လျှင်  လီတာ ၄၀  ဆလင်ဒါအိုး  ၁၂၀  ခန့်    ထုတ်လုပ်နိုင်မှုအခြေအနေများ၊     စင်တာတွင်    လူဦးရေ   ၆၀၀  ထားရှိနိုင်မှုနှင့်   အဆိုပါစင်တာ များတွင် အိပ်ရာ၊  ခြင်ထောင်၊  ခုတင်နှင့်  ရေချိုးခန်း၊ အိမ်သာများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ  အသင့်ပြင် ဆင်ထားရှိမှုအခြေအနေများ၊  Oxygen Concentr- ator များ အရန်သင့်ထားရှိမှု၊  အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်ထားရှိပြီး    ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှုများကို     လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ 

 


တိုင်းဒေသကြီးဝန်ကြီးချုပ်က     စင်တာများအား လိုအပ်သည့်အချိန်     အသုံးပြုနိုင်ရေးအတွက်     သန့်ရှင်းရေးကို အထူးဂရုပြု၍  စနစ်တကျဆောင်ရွက် ကြရန်နှင့်  ဆရာဝန်၊   သူနာပြုနှင့်  စေတနာ့ဝန်ထမ်း များအတွက်  လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများက   ဆောင်ရွက်ပေးကြရန်၊   စင်တာ များတွင်  ကျန်းမာရေးဝန်ထမ်းများ  စုဖွဲ့ထားရှိပြီးလိုအပ်နေသောဆေးဝါးများ၊  အောက်ဆီဂျင်များဖြည့် တင်းထားရှိရန်၊ တိုင်းဒေသကြီးအတွင်း  ကိုဗစ် - ၁၉ ရောဂါ ထိထိရောက်ရောက် ကာကွယ် ၊   ထိန်းချုပ်နိုင် ရေးအတွက်    အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန်/ဆက်)