ကော့သောင်းခရိုင်၌ စိန်ရတုပြည်ထောင်စုနေ့နှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ

 

ကော့သောင်း  ဖေဖော်ဝါရီ  ၁၃


(၇၅)နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့  အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို   ကော့သောင်းမြို့  အဏ္ဏဝါရပ်ကွက်  ကျောက်တိုင်ကွင်း၌ ဖေ‌ဖော်ဝါရီ ၁၂ ရက်က ကျင်းပသည်။

 


အခမ်းအနားတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်သို့လွှင့်ထူပြီး   တက်ရောက်လာသည့်   ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက အလေးပြုသည်။  ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ထံမှပေးပို့သော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သဝဏ် လွှာကို ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး  ဦးစိုးအောင်က ဖတ်ကြား သည်။   

 


အခမ်းအနားသို့   ခရိုင်နှင့်မြို့နယ်အဆင့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်ထောင်စုတိုင်းရင်းသားများ၊  လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြပြီး  ကော့သောင်းခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများကလည်း  ဦးစီးဌာန (ရုံးချုပ်) မှ  ထုတ်ဝေဖြန့်ချိသည့် (၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  သတင်းစကားလက်ကမ်းစာစောင်များကို အခမ်းအနား တက်ရောက်သည့် ဧည့်ပရိသတ်များသို့ လိုက်လံဖြန့်ဝေပေးခဲ့သည်။ 


ကျော်စိုး (ကော့သောင်း )