ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်လျက်ရှိသည့် အခြေအနေ

 

v    အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံး  ညီညွတ်ရေးနှင့်      ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊    လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီ စတဲ့ကော်မတီ   ၃ ရပ်ကိုဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်နေလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ညှိနှိုင်းရေးကော်မတီဟာ ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးတဲ့     တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုသေးတဲ့ EAO တွေနဲ့ ၉ ကြိမ်၊  နိုင်ငံရေးပါတီတွေနဲ့ ၇ ကြိမ်၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ ၂ ကြိမ်၊ စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့ပါတယ်။
v     တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လ  ၂၈ ရက်နေ့အထိ  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်   ထုတ်ပြန်ချက်ပေါင်း အကြိမ် (၂၀) ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ သဘောတူထုတ်ပြန်ချက်မှာ ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
    

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁) နှစ်ပြည့်   နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍   ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်)