တူယှဉ်နွှဲပျော်ဂီတပွဲတော် Grand Final တတိယအဆင့် သီချင်းသီဆိုမှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

 

ရန်ကုန်    ဖေဖော်ဝါရီ   ၁၂


စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော်  Grand Final  တတိယအဆင့်  သီချင်း သီဆိုမှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတိုက်ရိုက် (Live)  ရိုက်ကူးထုတ်လွှင့်မှုကို  ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ပြည်သာယာရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပရာ ရန်ုကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ  မြို့တော်ဝန် ဦးဗိုလ်ဌေး၊  ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 


Grand    Final      တတိယအဆင့်ပြိုင်ပွဲတွင် တိုင်းရင်းသားပြိုင်ပွဲများဖြစ်ကြသည့် စစ်ကိုင်းတိုင်း ဒေသကြီးမှ MF 03 ရေဂျီနား၊ မန္တလေးတိုင်းဒေသကြီး မှ MF 04 ဇော်ထွေးလတ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ဇင်သူသူထွန်း၊   ဧရာဝတီတိုင်းဒေသကြီးမှ   MF 07 ချိုမီမီဇော်နှင့်   ပဲခူးတိုင်းဒေသကြီးမှ MF 10  ချစ်နု စုစုပေါင်း ငါးဦးက ပြဋ္ဌာန်းတေးသီချင်း တစ်ပုဒ်နှင့် စိတ်ကြိုက်တေးသီချင်းတစ်ပုဒ် စုစုပေါင်းနှစ်ပုဒ်စီဖြင့် ယှဉ်ပြိုင်သီဆိုခဲ့ကြပြီး The Ensemble တေးဂီတ အဖွဲ့က တီးခတ်ပေးခဲ့ခြင်း ဖြစ်သည်။

 


ထို့နောက်   တူယှဉ်နွှဲပျော်ဂီတပွဲတော် Grand Final တတိယအဆင့်တွင် ဆုချီးမြှင့် ခြင်းအစီအစဉ်ကို ကျင်းပနိုင်ရန်    အကဲဖြတ်ဒိုင်များ၏     ပေးမှတ် ၆၀ ရာခိုင်နှုန်းနှင့်ပရိသတ်များက Voting ပေးမှတ် ၄၀ ရာခိုင်နှုန်းတို့ကို မဲရေတွက်နေစဉ်အတွင်း နိုင်ငံ ကျော်   အဆိုတော်များဖြစ်ကြသည့်   တေးသံရှင် ဆိုတေး၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် တေးသံရှင် ဂျင်းနီနှင့်     မြန်မာ့အသံ    တိုင်းရင်းသားဝန်ထမ်း တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကြသည်။

 


ယင်းနောက် တူယှဉ်နွှဲပျော်ဂီတပွဲတော် Grand Final သို့  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းပေးပို့သည့် ဝမ်းမြောက် ကျေးဇူးတင်စကား ဗီဒီယိုမက်ဆေ့ဖြင့် ပြောကြား သည်။ 

 


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အထူးဆုရ ပြိုင်ပွဲဝင်  ငါးဦးဖြစ်သည့်  မကွေးတိုင်းဒေသကြီးမှ MF 01 မြတ်နိုးစံ၊ ရန်ကုန်တိုင်းဒေသကြီးမှ MF 02 ကြူကြူခိုင်၊ ကချင်ပြည်နယ်မှ MF 05 အရိန့်၊ ကရင် ပြည်နယ်မှ  MF 08 ချမ်းဟိန်းဝင်းထွန်းနှင့် ရန်ကုန် တိုင်းဒေသကြီးမှ MF 09 ဈာန်ထူး တို့ကို မြန်မာနိုင်ငံ ဂီတ အစည်းအရုံးဗဟိုဥက္ကဋ္ဌ ဦးလွင်မြင့်က လည်း ကောင်း၊ ထူးချွန်ဆုရ ပြိုင်ပွဲဝင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ MF 03 ရေဂျီနားအား မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား ညွှန်ကြားရေးမှူး ဦးဇေယျက လည်းကောင်း၊ ထူးချွန်ဆုရပြိုင်ပွဲဝင် မန္တလေးတိုင်းဒေသကြီးမှ MF04 ဇော်ထွေးလတ်အား ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ      မြို့တော်ဝန်   ဦးဗိုလ်ဌေးက လည်းကောင်း၊   တတိယဆုရပြိုင်ပွဲဝင်    ပဲခူးတိုင်း ဒေသကြီးမှ MF10 ချစ်နုအား ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး    ဦးမောင်မောင်သန်းက   လည်း ကောင်း၊ ဒုတိယဆုရပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသ ကြီးမှ  MF 07  ချိုမီမီဇော်အား  ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က လည်းကောင်း အသီးသီးဆုများ ပေးအပ် ချီးမြှင့်ကြသည်။

 


ယင်းနောက် ပထမဆုရ ပြိုင်ပွဲဝင် ဧရာဝတီတိုင်း ဒေသကြီးမှ   MF 06   ဇင်သူသူထွန်းအား   ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက ဆုချီးမြှင့်ပေးအပ်သည်။

 


စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တူယှဉ် နွှဲပျော်ဂီတပွဲတော်   Grand Final တတိယအဆင့် သီချင်းသီဆိုပြိုင်ပွဲတွင်  ပထမဆု  ငွေကျပ်  သိန်း (၁၀၀)၊  ဒုတိယဆု  ငွေကျပ်သိန်း(၆၀)၊  တတိယဆု ငွေကျပ်သိန်း(၄၀)၊ ထူးချွန်ဆု တစ်ဦးလျှင် သိန်း(၂၀)၊ အထူးဆု (၅)ဆုအတွက်  တစ်ဦးလျှင်  (၁၀)သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့သည်။

 


တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၂၆ ရက်မှ စတင်၍ အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပခဲ့ရာ အုပ်စုပြိုင်ပွဲများ ဖြစ်သော ပထမအဆင့်ပွဲစဉ်တွင် အကဲဖြတ်ဒိုင်အဖွဲ့၏ အမှတ်ပေးမှုအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒုတိယအဆင့် နှင့် တတိယအဆင့်ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များ အမှတ်ပေးမှုအပြင်  ပရိသတ်အနေဖြင့်  MPT နှင့်် Mytel Sim Card များကို အသုံးပြု၍  Voting မဲပေး ကြသည့် မိမိတို့ ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်များကို  Voting Time   သတ်မှတ်ချိန်အတွင်း   SMS  ပေးပို့ မဲပေးခြင်းကို   အရေအတွက်   အကန့်အသတ်မရှိဘဲ MPT  Sim  card  များမှ   ကုတ်နံပါတ်  7522  သို့ လည်းကောင်း၊ Mytel Sim Card များမှ ကုတ်နံပါတ် 7574 သို့လည်းကောင်း  SMS ဖြင့်  ပြိုင်ပွဲ၏  MF နံပါတ်ကို    ရိုက်နှိပ်၍    ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  


သတင်း - ကိုကိုဇော်
ဓာတ်ပုံ - လတ်လတ်(MNA)