ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းများဆောင်ရွက်

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၂


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ     ဆက်ကပ် လှူဒါန်းခြင်းကို  ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဗုဗ္ဗသီရိမြို့နယ်ရှိ မင်္ဂလာ သီရိပတ္တာကျောင်းတိုက်သို့ လည်း ကောင်း၊  ကရင်ပြည်နယ်   ကော့ ကရိတ်မြို့နယ်ရှိ လေသာပရိယတ္တိ စာသင်တိုက်သို့     လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ်ရှိ     ကုသိုလ်တော် ရိပ်သာ  ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ    မဟာမြိုင် ပရိယတ္တိစာသင်တိုက်သို့   လည်း ကောင်း၊  ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ   သိမ်ကျောင်း ပရိယတ္တိစာသင်တိုက်သို့   လည်း ကောင်း၊ ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်ရှိ ဇောတိကရာမကျောင်း တိုက်သို့ လည်းကောင်း    ဆရာ တော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို    တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း       သိရ သည်။


သတင်းစဉ်