(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂


၂၀၂၂   ခုနှစ်     (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ နိုင်ငံ တော်အလံတင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပသည်။

 


အနှစ်သာရပြည့်ဝစွာ ကျင်းပ


(၇၅)  နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့ကို         (၁)ပြည်ထောင်စုမပြိုကွဲရေး၊   တိုင်း ရင်းသား   စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ   တည်တံ့ ခိုင်မြဲရေးတို့ကို    တိုင်းရင်းသား အားလုံး    ထာဝစဉ်   ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး။ (၂) စစ်မှန်သော   မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန်ထက်မြက်ရေး။ (၃)        တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ကျစ်လျစ်ခိုင်မာ သည့် ညီညွတ်သော စုစည်းအား ဖြင့်     နိုင်ငံတော်ကြီး     ထာဝရ တည်တံ့ခိုင်မြဲအောင်  ဆက်လက် ကြိုးပမ်းတည်ဆောက်ရေး။  (၄) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို  အခြေခံသည့်  ပြည်ထောင်စု တည်ဆောက်နိုင်ရေး။ (၅)ပြည်နယ် နှင့်         တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ပေးရေးနှင့် တိုင်းရင်း သားများ၏ ကျန်းမာရေး၊ ပညာ ရေး၊ အလုပ်အကိုင် အခွင့်အလမ်း များ တိုးတက်အောင် ဆောင်ရွက် ပေးရေး ဟူသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုး သားရေး     ဦးတည်ချက်များနှင့် အညီ အနှစ်သာရပြည့်ဝစွာ ကျင်းပ ခြင်း ဖြစ်သည်။

 


နိုင်ငံတော်အလံကို  အလေးပြု


ရှေးဦးစွာ နံနက် ၅ နာရီ မိနစ် ၂၀ တွင်   ၂၀၂၂ ခုနှစ်   (၇၅)နှစ် မြောက် စိန်ရတု ပြည်ထောင်စုနေ့  နိုင်ငံတော်အလံတင် အခမ်းအနား ကို  ကျင်းပရာ     ဂုဏ်ပြုတပ်ဖွဲ့က    ပြည်ထောင်စုသမ္မတ     မြန်မာ နိုင်ငံတော်အလံကိုလွှင့်တင်ပြီး တိုင်းရင်းသား တိုင်းရင်းသူများက  ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော် အလံကို အလေးပြုကြသည်။ 


သတင်းစဉ်