
ညောင်ဦး ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ တင်အခမ်းအနားကို ညောင်ဦးမြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် ၅ နာရီခွဲတွင် နိုင်ငံတော်အလံတင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ တင် အခမ်းအနားသို့ ညောင်ဦး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်း တင့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြု တပ်ဖွဲ့များ တက်ရောက်ခဲ့သည်။
နိုင်ငံတော်အလံတင် အခမ်း အနား တက်ရောက်လာကြသူ များက နေရာယူကာ ဂုဏ်ပြုတပ်ဖွဲ့ ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံ အား လွှင့်တင်၍ အလေးပြုခဲ့ကြပြီး နိုင်ငံတော်အလံတင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)