
နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ ယနေ့ ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ခေတ္တဝန်ကြီးချုပ် များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းသားကျောင်းသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခေတ္တ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် အခမ်းအနားသို့ တက်ရောက်လာ ကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီး သော အာဇာနည်ခေါင်းဆောင် ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းများ ဆောင်ရွက်ကြ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ထံမှ ပေးပို့သော (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖတ်ကြားကြ သည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ်အဖြစ် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသ ဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ စိုက်ပျိုးမွေးမြူရေး၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု စသည့် ပြခန်းများကိုလည်း ကောင်း၊ အားကစားပြိုင်ပွဲများကို လည်းကောင်း တာဝန်ရှိသူများနှင့် တက်ရောက် လာကြသူများက လိုက်လံကြည့်ရှု အားပေးကြ သည်။
ထို့ပြင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး တက် ရောက်လာသူများအား တိုင်းရင်း သားရိုးရာ အစားအစာ စတုဒိသာ များဖြင့် တည်ခင်းဧည့်ခံခဲ့ကြ ကြောင်း သိရသည်။
၎င်းအပြင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် လမ်း၊ တံတား၊ အဆောက်အအုံများ၊ အားကစား ကွင်းများနှင့် ဌာနဆိုင်ရာ ပြခန်း များအား ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ညပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသတို့၌ ရောင်စုံမီးပန်းအလှများနှင့် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်