
နေပြည်တော် ဖေဖော်ဝါရီ ၁၂
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်း များ၏ အလေးပြုခြင်းကို ခံယူသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး သရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်း ညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီ ယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိ ကြီးများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် NCA စာချုပ်လက်မှတ်ရေးထိုး ထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၄)ဖွဲ့မှ ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် နှင့် တပ်နယ်မှ အရာရှိကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ချီတက်နေရာယူ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ချီတက်အလေးပြု ကြမည့် စစ်ကြောင်းတပ်ခွဲများသည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ မည့် ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။
အလေးပြု
နံနက် ၇ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဂုဏ်ပြု အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်ရှိ အလေးပြုခံ စင်မြင့်သို့ ရောက်ရှိရာ အမြောက်တပ်ဖွဲ့က အမြောက်(၂၁)ချက် ပစ်ဖောက်ဂုဏ်ပြုပြီး စစ်ကြောင်းတပ်ခွဲများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက အလေးပြုကြသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် “ပြည်ထောင်စုအလံတော်”ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင် ဦးဆောင်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံစောင့်အဖွဲ့နှင့် တိုင်းရင်း သား တိုင်းရင်းသူများခြံရံကာ နေပြည်တော် မြို့တော် ခန်းမမှ အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်သို့ ပြည်ထောင်စုလှေဖြင့် သယ်ဆောင်ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံ “ပြည်ထောင်စုအလံတော်”ကို လွှဲပြောင်းပေးအပ် သည်။
ငွေဖလား၌ စိုက်ထူ
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက “ပြည်ထောင်စုအလံတော်” အား စင်မြင့်ထက်ရှိ ငွေဖလား၌ စိုက်ထူသည်။
ပြည်ထောင်စုအလံတော်ကို အလေးပြု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စစ်ကြောင်းတပ်ခွဲ များ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက “ပြည်ထောင်စုအလံတော်”ကို အလေးပြုကြပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ မိန့်ခွန်းပြောကြား သည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်းအား စာမျက်နှာ-၃၊ ၄၊ ၅ တို့တွင် သီးခြားဖော်ပြထားပါသည်။)
ထို့နောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်ထံ “ပြည်ထောင်စုအလံ တော်”ကို လွှဲပြောင်းပေးအပ်သည်။
ပြန်လည်သယ်ဆောင်
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က “ပြည်ထောင်စုအလံ တော်”ကို တစ်နှစ်တာရပ်နားမည့် နေပြည်တော် မြို့တော်ခန်းမသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အလံစောင့်အဖွဲ့နှင့် တိုင်းရင်း သား တိုင်းရင်းသူများခြံရံ၍ ပြည်ထောင်စုလှေဖြင့် ပြန်လည်သယ်ဆောင်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကို တပ်မတော်(ကြည်း) ကိုယ်စားပြု အလံတော်အဖွဲ့၊ တပ်မတော်(ကြည်း) ကိုယ်စားပြုတပ်ခွဲ၊ လွှတ်တော် ကိုယ်စားပြုတပ်ခွဲ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စား ပြုတပ်ခွဲ၊ တပ်မတော်ရေ ကိုယ်စားပြုအလံတော်အဖွဲ့၊ တပ်မတော်(ရေ) ကိုယ်စားပြုတပ်ခွဲ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့ ကိုယ်စားပြုတပ်ခွဲ၊ တပ်မတော် (ကြည်း) စစ်တီးဝိုင်းအဖွဲ့၊ တပ်မတော်(လေ) အလံ တော်အဖွဲ့၊ တပ်မတော်(လေ) ကိုယ်စားပြုတပ်ခွဲ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ ဥပဒေရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အလံတော်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုတပ်ခွဲ၊ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တီးဝိုင်းတပ်ခွဲ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အလံတော် အဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကိုယ်စားပြုတပ်ခွဲ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားပြုအလံ တော်အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ တီးဝိုင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ စက်မှုဝန်ကြီးဌာန ကိုယ်စားပြု တပ်ခွဲ၊ အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ ပညာရေးဝန်ကြီးဌာန ကိုယ်စားပြု တပ်ခွဲ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ ကျန်းမာ ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စား ပြုတပ်ခွဲ၊ အ.ထ.က(၁) ကျောင်းသား ကျောင်းသူ များ၏ ဘင်ခရာအဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စားပြု တပ်ခွဲ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ နိုင်ငံတော်ဗဟိုစစ်တီးဝိုင်းတို့က ချီတက်အလေးပြုကြသည်။
ထိုသို့ ချီတက်အလေးပြုနေစဉ် ဒုတိယဗိုလ်မှူး ကြီး အောင်ဖြိုးကျော် ဦးဆောင်သည့် ကြိုးကြာအုပ်ဖွဲ့ (၁)မှ Mi -17 ရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံတော် အလံကို ချိတ်ဆွဲ၍ Eurocopter ရဟတ်ယာဉ်နှစ်စင်း တို့က စောင့်ကြပ်လိုက်ပါပျံသန်းကာ အမျိုးအစား မတူ အုပ်ဖွဲ့ပုံသဏ္ဌာန်ပုံစံဖြင့် လည်းကောင်း၊ ဗိုလ်မှူး ဇော်ဇော် ဦးဆောင်သည့် ကြိုးကြာအုပ်ဖွဲ့ (၂)သည် Mi-17 ရဟတ်ယာဉ်လေးစင်းနှင့် Mi-35P ရဟတ်ယာဉ် သုံးစင်းတို့က ပြည်နယ်နှင့် တိုင်းဒေသကြီးအလံများ ကို ချိတ်ဆွဲ၍လည်းကောင်း၊ ဗိုလ်မှူး ထင်အောင်လင်း ဦးဆောင်သည့် H-120 ရဟတ်ယာဉ် သုံးစင်း၊ H-125 ရဟတ်ယာဉ် နှစ်စင်းတို့ကလည်းကောင်း၊ အာကာ အုပ်ဖွဲ့မှ ဗိုလ်မှူးနိုင်လင်း ဦးဆောင်သည့် Y-12 လေယာဉ် သုံးစင်းက မြားဦးသဏ္ဌာန်အုပ်ဖွဲ့ပုံစံဖြင့် လည်းကောင်း၊ ရန်အောင်အုပ်ဖွဲ့မှ ဗိုလ်မှူး ထက်အောင်စံ ဦးဆောင်သည့် ATR-42 သယ်ယူ ပို့ဆောင်ရေးလေယာဉ် တစ်စင်း၊ Beech -1900 D သယ်ယူပို့ဆောင်ရေးလေယာဉ် နှစ်စင်းတို့သည် အမျိုးအစားမတူ အုပ်ဖွဲ့ပုံသဏ္ဌာန်ဖြင့် လည်းကောင်း၊ ရဲမာန်အုပ်ဖွဲ့မှ ဗိုလ်မှူးဝင်းမင်းထွန်း ဦးဆောင်သည့် K-8 W ဂျက်တိုက်လေယာဉ် ငါးစင်းတို့သည် မြားဦး ပုံသဏ္ဌာန်အုပ်ဖွဲ့ပုံစံပျံသန်းပြီး နိုင်ငံတော်အလံကို ကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးတန်း Smoke Trail များကို ထုတ်လွှတ်၍လည်း ကောင်း၊ ယက္ခအုပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ဇော်မြင့် ထွန်း ဦးဆောင်သည့် Yak-130 တိုက်လေယာဉ် လေးစင်းတို့ကလည်းကောင်း၊ သူရိန်အုပ်ဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီး ထက်အောင်ခိုင် ဦးဆောင်သည့် F-7 ဂျက်တိုက်လေယာဉ် လေးစင်းတို့က လည်းကောင်း၊ ရာဇာအုပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ရန်ကျော် ဦးဆောင်သည့် Mig -29 SE ဘက်စုံသုံး ဂျက်တိုက် လေယာဉ် ငါးစင်းတို့ကလည်းကောင်း၊ ရဲမာန်အုပ်ဖွဲ့မှ K-8 W ဂျက်တိုက်လေယာဉ် ငါးစင်းတို့သည် ဒုတိယ အကြိမ်အဖြစ် ပျံသန်းပြီး နိုင်ငံတော်အလံကို ကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်မီးခိုးတန်း Smoke Trail များကို ထုတ်လွှတ်၍လည်းကောင်း ဂုဏ်ပြုပျံသန်းအလေး ပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား များ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ထုတ်ကုန်များကို သရုပ်ဖော်ပြသထားသည့် နေပြည်တော်ကောင်စီ နယ်မြေ ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ပြည်ထောင်စုသွေး” သီချင်း ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “မမေ့နိုင်တဲ့မြေ” သီချင်းဖြင့်လည်းကောင်း၊ ကယား ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြု အကအဖွဲ့က “ဖားစည်သံ” သီချင်းဖြင့်လည်း ကောင်း၊ ကရင်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ် များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “အောဟု - အောဟောင်” သီချင်းဖြင့် လည်းကောင်း၊ ချင်းပြည် နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြု အကအဖွဲ့က “ပျော်ရွှင်ဖွယ်နေ့ရက်များဆီသို့” သီချင်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအက အဖွဲ့က “အောင်လံတဝေဝေ ရွှေစစ်ကိုင်းဌာနေ” သီချင်းဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအက အဖွဲ့က “တိုးတက်ဝေစည် တနင်္သာရီ” သီချင်းဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ပဲခူး ဟုခေါ်သည်” သီချင်းဖြင့် လည်းကောင်း၊ မကွေး တိုင်းဒေသကြီး ကိုယ်စားပြုဂုဏ်ပြုယာဉ်များနှင့် အတူ ဂုဏ်ပြုအကအဖွဲ့က “လှသော အညာမြေ” သီချင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအက အဖွဲ့က “လှမ်းခဲ့ပေါ့မန္တလာမြေ” သီချင်းဖြင့်လည်း ကောင်း၊ မွန်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ နှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “တွဲလက်ညီညီ ရှေ့သို့ချီ” သီချင်းဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအက အဖွဲ့က“နာဝရူပဗျာလ”သီချင်းဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ် များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ပြည်ထောင်စု သွေးသား ဗမာဟေ့ဗမာ”သီချင်းဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “နောင်အင်းလေး” သီချင်းဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “မမပုသိမ်သူ” သီချင်းဖြင့်လည်းကောင်း၊ နေပြည် တော်ကောင်စီ ကိုယ်စားပြု ပြည်ထောင်စုယာဉ် နှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ဦးရွှေရိုးနှင့် ဒေါ်မိုး” အကဖြင့် လည်းကောင်း ဂုဏ်ပြုအလှပြ ကပြဖျော်ဖြေ တင်ဆက်ကြပြီး တပ်မတော်လေမှ ဒုတိယဗိုလ်မှူး ကြီး ကျော်အောင် ဦးဆောင်သည့် ရာဇာအုပ်ဖွဲ့မှ Mig-29 SM ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ငါးစင်း သည် မြားဦးပုံစံအုပ်ဖွဲ့ ပျံသန်းလာပြီး Fan Break ခေါ် ယပ်တောင်ပုံစံဖြန့်ခွဲပြီး Flare မီးကျည်များ ပစ်လွှတ်၍ ဂုဏ်ပြုပျံသန်း အလေးပြုသည်။
ဂုဏ်ပြုဖျော်ဖြေနေစဉ်အတွင်း နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနား မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်း သား ကျောင်းသူ (၁၁၀၀)တို့က ပြည်ထောင်စုနယ်မြေ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အမည် စာလုံးများကို ညီညာလှပစွာ ပုံဖော်ပြသကြသည်။
ပြန်လည်ထွက်ခွာ
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများအား လက်ပြနှုတ်ဆက်၍ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားကျင်းပရာ ဥပစာရင်ပြင်မှ ပြန်လည် ထွက်ခွာသည်။
ရင်းရင်းနှီးနှီး လက်ပြနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့် ဂုဏ်ပြုအကအဖွဲ့များအား ရင်းရင်းနှီးနှီး လက်ပြနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်