ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ

 

ကျွန်တော်တို့ အစိုးရအနေဖြင့် ဆက်လက်ဦးစားပေး လုပ်ဆောင်မှာကတော့-
v    အမျိုးသားရေးလုပ်ငန်းစဉ် (၂) ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနဲ့ စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ဦးစားပေးလုပ်ဆောင်သွားမှာပဲဖြစ်တယ်။
v    နိုင်ငံရေးလုပ်ငန်းစဉ်(၂)ခုအဖြစ် စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်သွားမှာဖြစ်ပါတယ်။
v     ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့ နှစ်ပဲဖြစ်ပါတယ်။  လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊  ဇန်နဝါရီလ ၄ ရက်နေ့ဟာ  စိန်ရတု  လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာ ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်တွေနဲ့ ပြည့်စုံဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်  စတုတ္ထအချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်လို့  သက်ဆိုင်သူများ၊  အဖွဲ့အစည်းများအားလုံး  ငြိမ်းချမ်းရေးအတွက်  ဆွေးနွေးနိုင်ဖို့  ဖိတ်ခေါ်လိုပါတယ်လို့ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ကျွန်တော်ပြောကြားခဲ့ပါတယ်။  ကျွန်တော်တို့ဟာ  ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ အသင့်ရှိနေကြောင်း  ဖြည့်စွက်ပြောကြားလိုပါတယ်။
    (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁) နှစ်ပြည့်   နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍   ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်)