သူတစ်ပါးထိခိုက်မှု မော်တော်ယာဉ် အာမခံပရီမီယံကြေး Online မှ လွယ်ကူမြန်ဆန်စွာ ပေးသွင်းနိုင်

 

ရန်ကုန် ဖေဖော်ဝါရီ  ၁၁


မြန်မာ့အာမခံလုပ်ငန်းမှ အကောင် အထည်ဖော်ဆောင်ရွက်နေသော Digital Transformation  အစီ အစဉ်သည် အာမခံအကာအကွယ် ရယူလိုသည့် ပြည်သူများအနေဖြင့် မိမိတို့    ရွေးချယ်ဝယ်ယူလိုသော အာမခံ Product များကို ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ  အဆင် ပြေချောမွေ့စွာ   ရွေးချယ်ဝယ်ယူ နိုင်စေရန်နှင့်    ယခုကာလတွင် ကိုဗစ်-၁၉    ကပ်ရောဂါကြောင့် အာမခံထားရှိသူများ လူကိုယ်တိုင် လာရောက်၍  ပရီမီယံကြေး  ပေး သွင်းရန် မလိုဘဲ Online/Mobile Payment  များဖြင့်  ပေးသွင်းနိုင်ပြီ ဖြစ်သည်။   သူတစ်ပါးထိခိုက်မှု မော်တော်ယာဉ်အာမခံ ပရီမီယံကို  အချိန်၊ နေရာမရွေး  ပေးသွင်းနိုင် ရန်   KBZ Pay, CB Pay, OKS တို့ နှင့်  မည်သည့်  MPU Card ဖြစ်စေ  Online Payment ဖြင့် ငွေပေးသွင်း နိုင်ရန်    မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုသစ်များ  ပေးလျက်ရှိ သည်။   

 


Online မှငွေပေးချေရာတွင်  QR စနစ်ဖြင့်   ငွေပေးချေခြင်းနှင့် MPU    စနစ်ဖြင့်   ငွေပေးချေခြင်း နှစ်မျိုးဖြင့် မြန်မာ့အာမခံလုပ်ငန်း မှ   ဝန်ဆောင်မှုပေးလျက်ရှိရာ  မြန်မာ့အာမခံလုပ်ငန်း   Mobile Application ဖြင့် အာမခံဝယ်ယူ ရာတွင် သူတစ်ပါးထိခိုက်မှုအာမခံ ကိုနှိပ်၍     ဖော်ပြပါအဆင့်တိုင်း ဝယ်ယူနိုင်ပါသည်။

 


QR စနစ်ဖြင့် ငွေပေးချေခြင်း


သူတစ်ပါး    ထိခိုက်မှုအာမခံ ဝယ်ယူရန် ဝယ်ယူလိုသည့် ယာဉ် အမှတ်ကို ထည့်ပြီး ရှာဖွေရမည် ဖြစ်ပြီး  ဝယ်ယူလိုသည့် ယာဉ်၏ အချက်အလက်များကို  စစ်ဆေး ရမည်ဖြစ်သည်။    ဆက်လက်၍ ငွေပေးချေရန်  ငွေပေးချေမှုအမျိုး အစားကို ရှာဖွေ၍ အာမခံဝယ်ယူ ရန်     အချက်အလက်များကို စစ်ဆေးပြီး    မှန်ကန်ပါက ဝယ်ယူ ရန် နှိပ်ရမည်ဖြစ်သည်။ ငွေပေးချေ မှု    (ပရီမီယံ)     ပေးသွင်းရန် သေချာပါက  “Yes” ကို    နှိပ်၍ ဆက်လက်လုပ်ဆောင်ရမည်ဖြစ် သည်။   QR   ကုတ်အား  Scan ဖတ်ရန် Save QR ဖြင့် သိမ်းရမည် ဖြစ်သည်။ ထို့နောက် KBZ Pay, CB Pay App ထဲသို့ဝင်၍ ယခု QR ကုတ်ကို Scan ဖတ်ပြီး ငွေပေးချေ နိုင်ပြီဖြစ်သည်။  အာမခံဝယ်ယူမှု ပြီးဆုံးပြီဖြစ်သည့်အတွက် ငွေပေး ချေမှု အောင်မြင်သွားပြီဖြစ်သည်။

 


  MPU စနစ်ဖြင့်ငွေပေးချေခြင်း


ကနဦးအနေဖြင့်   သူတစ်ပါး ထိခိုက်မှုအာမခံဝယ်ယူရန် ဝယ် ယူလိုသည့် ယာဉ်အမှတ်ကို ထည့် ပြီး ရှာဖွေရမည်ဖြစ်သည်။ ဝယ်ယူ လိုသည့်ယာဉ်၏ အချက်အလက် များကို    စစ်ဆေးရမည်ဖြစ်ပြီး ငွေပေးချေရန် ငွေပေးချေမှုအမျိုး အစားကို  ရှာဖွေရမည်ဖြစ်သည်။ ယင်းနောက်  အာမခံဝယ်ယူရန် အချက်အလက်များကို   စစ်ဆေး ပြီး မှန်ကန်ပါက ဝယ်ယူရန်နှိပ်ရ မည်ဖြစ်သည်။  ငွေပေးချေ(ပရီမီ ယံ)  ပေးသွင်းရန်  သေချာပါက “Yes”ကိုနှိပ်ပြီး ဆက်လက်လုပ် ဆောင်ရမည်ဖြစ်သည်။    MPU Card ဖြင့် ငွေပေးချေရန် “Card Number, Exp Data နှင့် OTP တို့ ကို ထည့်ရမည်ဖြစ်ပြီး ငွေပေးချေမှု အောင်မြင်ရန် “Confirm Pay-ment”   ကို  နှိပ်ရမည်ဖြစ်သည်။ Payment Status တွင် Approve ဖြစ်ပါက Continue ကို  နှိပ်ပြီး လျှင် အာမခံဝယ်ယူမှုပြီးဆုံးသည့် အတွက် ငွေပေးချေမှုအောင်မြင်ပြီ ဖြစ်သည်။  သူတစ်ပါးထိခိုက်မှု မော်တော်ယာဉ် အာမခံပရီမီယံကို Online  မှ  လွယ်ကူမြန်ဆန်စွာ ပေးသွင်းနိုင်ရန်   မြန်မာ့အာမခံ လုပ်ငန်းမှ ဝန်ဆောင်မှုပေးလျက် ရှိသည်။


သစ္စာ(MNA)၊ ဓာတ်ပုံ-ကနူး