
ရန်ကုန် ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကွက်သစ်ရပ်ကွက် မာလာရာမ ကွက်သစ်ကျောင်းတိုက်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလက တည်ဆောက်ပြီးစီးခဲ့သည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်များ ဆက်လက်ဖြန့်ဝေပေးလျက်ရှိကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
အင်းစိန်မြို့နယ်၌ အဆိုပါအောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပါဝင်အားပေးကူညီမှု၊ လှူဒါန်းငွေ၊ အသင်း၏မတည်ငွေနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး ယင်းအောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အိုးကြီး အလုံး ၂၀၀ ခန့် ထုတ်လုပ်ပေးနိုင်ကြောင်း၊ စိန်ရတနာ နာရေးကူညီမှုအသင်းတာဝန်ရှိသူများက ကြီးကြပ်၍ အောက်ဆီဂျင်အိုး များ ထုတ်လုပ်ဖြန့်ဝေလျက်ရှိကြောင်းနှင့် စိန်ရတနာ နာရေးကူညီမှု အသင်းအနေဖြင့် ပုံမှန် လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)