
နေပြည်တော် ဖေဖော်ဝါရီ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေ နေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက် ရှိသည်။
၁၂ - ၂ - ၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၄) ၊ အမှတ် (၇) ၌ မိဘတို့၏ ဆိုဆုံးမမှုကို မနာခံဘဲ မိမိဆန္ဒအတိုင်းလုပ်မိ၍ ဒုက္ခရောက်ရသည့် မောင်လူအေးအကြောင်းကို ရေးဖွဲ့ထားသည့် “မောင်လူအေးရဲ့ နောင်တ” မျက်နှာ ဖုံးဇာတ်လမ်း၊ တပို့တွဲလ၌ မြန်မာလူမျိုးတို့ နှစ်စဉ် ကျင်းပလေ့ရှိသော ထမနဲပွဲအကြောင်းကို သိရှိနိုင်စေ ရန် ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “တပို့တွဲလ ထမင်းနဲပွဲ” သုတဆောင်းပါး၊ မုန့်ဖိုးများလိမ်ညာ တောင်းကာ မိမိနှင့်မတည့်သော သရေစာမုန့်များ ဝယ်စားမိ၍ ဒုက္ခရောက်ရသော ပေါက်ကျော် အကြောင်းကို တင်ဆက်ထားသည့် “မုန့်ဖိုးမတောင်း တော့ပါ” နှစ်မျက်နှာကာတွန်း၊ မိတ်ဆွေကောင်းကို ဖယ်ရှားကာမကောင်းသော မိတ်ဆွေကို ပေါင်းဖက်မိ ၍ ဒုက္ခရောက်ရသော မျောက်လေးအကြောင်းကို ရေးဖွဲ့ထားသည့် “မျောက်နဲ့သရက်သီး” ပုံပြင်၊ ကလေးနှစ်ယောက်၏ ဟာသဖြစ်ဖွယ် အပြန်အလှန် ပြောဆိုကြပုံကို သရုပ်ဖော်ရေးဖွဲ့ထားသည့် “ကျွန်တော့်အဖေ” တစ်မျက်နှာကာတွန်း၊ လူကြီး သူမများ၏ ဆုံးမစကားကို နားမထောင်ဘဲ မိမိ သဘောအတိုင်း ဆောင်ရွက်ခဲ့၍ ဒုက္ခရောက်ခဲ့ရသော နေလင်းညွန့်တို့ ညီအစ်ကိုအကြောင်းကို တင်ဆက် ထားသည့် “ရွာအပြန်” ဝတ္ထု၊ ကလေးတို့အနေဖြင့် ကြိုးစားလုပ်ကိုင်ပါက အောင်မြင်မှုများရရှိနိုင် ကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “ဆုရတီအောင်- ကြိုးစားခြင်း၏ ရလဒ်” နှစ်မျက်နှာ ကာတွန်း၊ ကလေးတို့အနေဖြင့် အပျော်အပါးမမက်ဘဲ စာကိုသာ ဂရုစိုက်ကြိုးစားသင့်ပုံကို တင်ဆက်ထား သည့် “ဖိုးထူးပါဝင်သော နောင်တ” နှစ်မျက်နှာ ကာတွန်း၊ Adjective နှင့် Adverb များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာသင်ခန်းစာ ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၃၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင် များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ဇော်ဝင်းထွန်း