ဂုဏ်ပြုယာဉ်များ တပေါင်းကွင်း၌ ခင်းကျင်းပြသထားမည်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၁


(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသ ကြီး / ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ ပါဝင်ပြသမည်ဖြစ်ပြီး  အဆိုပါ ဂုဏ်ပြုယာဉ်များကို  ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်   ရည်ရွယ်လျက် နေပြည်တော်   ဥပ္ပါတသန္တိစေတီတော်ရှေ့  တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၈ နာရီမှ  ည   ၈  နာရီအတွင်း   ခင်းကျင်းပြသထားမည် ဖြစ်ကြောင်းနှင့်  တိုင်းရင်းသားရိုးရာ အစားအစာများ ပြုလုပ်ရောင်းချမည့် အစီအစဉ်လည်း ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

 


မိဘပြည်သူများအနေဖြင့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ ဂုဏ်ပြု ယာဉ်များကို  လာရောက်လည်ပတ်လေ့လာကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။  

    
  သတင်းစဉ်