
နေပြည်တော် ဖေဖော်ဝါရီ ၁၁
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် တိုင်းရင်းသားရိုးရာအစားအစာများ မိတ်ဆုံစားပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခ ချုပ်များ၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်း သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များ သည် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများ၏ အသင်းလိုက် ထမနဲထိုးပြိုင်ပွဲ နှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ချက်ပြုတ် ပြင်ဆင်နေမှုများကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ဆုရအသင်းများကို ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များ သည် ပြည်ထောင်စု တိုင်းရင်းသား များ၏ ရိုးရာအစားအစာများဖြစ် သော ထမနဲ၊ ရှမ်းခေါက်ဆွဲ၊ မွန် သင်္ကြန် ထမင်း၊ မွန်ရိုးရာ ပီလော ပီနံ ဆနွင်းမကင်း၊ ရခိုင်မုန့်တီ၊ မြိတ်ကတ်ကြေးကိုက်၊ ထားဝယ် ငှက်ပျောသီးပေါင်း၊ ချင်းရိုးရာ ငှက်ပျော ကြက်သားသုပ်၊ ချင်း ရိုးရာသင်္ဘောသီးထောင်း၊ ချင်း ရိုးရာခေါင်ရည် စသည့်အစား အသောက်များကို စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများနှင့် အတူ လက်ရည်တစ်ပြင်တည်း တပျော်တပါး စားသုံးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်