တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်များနှင့် ဆက်စပ်သူများ၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်  ၁၇  / ၂၀၂၂
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း   ၁၂    ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ   ၁၂   ရက်)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်များနှင့်ဆက်စပ်သူများ၏ ကြားနာစစ်ဆေးဆဲ  ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းခြင်း
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့်   စိန်ရတုပြည်ထောင်စုနေ့ကို  ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊   ထာဝရ ငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲ ဖြစ်သော AA အဖွဲ့ဝင်များနှင့်ဆက်စပ်သူ(၄၆) ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး