
j ပြည်ထောင်စုနေ့ ရောက်ပြီဟေ့ဆိုပြန်လျှင်
တိုင်းသူပြည်သား စိတ်ထားမြတ်ကြည်လင်
လူတိုင်းစိတ်တွင် ပျော်ရွှင်မဆုံး
စည်းလုံးညီညာ အောင်ကြောင်းဖြာ
စဉ်လာမပျက်သုဉ်းသည်နှင့်လေး။
j ညီရင်းသွေးသောက် မဖောက်သစ္စာ
ဒို့လူမျိုးများ စိတ်ထားကြည်လင်စွာ
ပင်လုံမြေမှာ သစ္စာစကား
ဆိုထားခဲ့သည် ဒို့တူညီ
ပွားစည်းစဉ်လာ များသည်နှင့်လေး။
j တောင်တန်းမြေပြန့် ဒို့ခြေဆန့်ပြီ
တိုင်းပြည်အဝှမ်း ရွှင်လန်းသာတကြည်
ဇလပ်ပွင့်ညီ မွှေးသည်မဆုံး
ပေါင်းရုံးညီညာ ကရင်ကယားသာ
ကချင်ရော ရှမ်းပါ စည်းလုံးသည်နှင့်လေး။
j စိန်ရတုရောက်လာ ခုချိန်ခါတွင်
ကြည်သာငြိမ်းချမ်း ရွှင်လန်းလူတိုင်းပင်
ရခိုင်မွန်ပင် မြန်မာလျှင်စည်းရုံး
သွေးမကွဲပါ ဒို့တစ်တွေဟာ
ညီညာပေါင်းစု ရုံးသည်နှင့်လေး။
j ပင်လုံမြေမှာသန္ဓေတည် ခက်ဝေစည်သာ
ရှိတော့သည်။
j အစဉ်ယုံစေတာ ဒို့ညီညာ စဉ်လာကောင်းသာ
ဖြစ်တော့သည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုလျက်
ဘိုမျိုး (ရွှေဘို)