(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်   ဖေဖော်ဝါရီ   ၁၀
(၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ရှေးဟောင်းမီးသတ် ယာဉ်များပြတိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် တွင် ရန်ကုန်မြို့  မရမ်းကုန်းမြို့နယ်  အမှတ်(၅)ရပ်ကွက် အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်၌ ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်စား မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်  ဦးမြတ်သူ၊   မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၊  ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဦးမြင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဦးသန်းလှ၊    မီးသတ်ဝန်ထမ်းဟောင်းများ အသင်းဥက္ကဋ္ဌ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးဇော်ဝင်း တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ 
ဆက်လက်၍ မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်သည်     ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက် အဝင်  မင်္ဂလာတံခါးနှင့်  ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်ပက်ဖျန်း ပြီး  အခမ်းအနားသို့  တက်ရောက်လာကြသော မီးသတ်ဦးစီးဌာန အငြိမ်းစားအရာရှိများက ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကြ သည်။ ထို့နောက် တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်များ က ဂုဏ်ပြုအလေးပြုကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့် အငြိမ်းစားအရာရှိများ၊ မီးသတ်ဝန်ထမ်းဟောင်းများ အသင်းနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ က     ပြတိုက်အတွင်း   ခင်းကျင်းပြသထားသည့် ရှေးဟောင်းမီးသတ်ယာဉ်များကို လှည့်လည်ကြည့်ရှု ကြသည်။
အဆိုပါ ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက် တွင်   ကိုလိုနီခေတ်မှစ၍  ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် မီးသတ်ယာဉ်များထဲမှ သက်တမ်း ရှေးအကျဆုံး     ရှေးဟောင်းမီးသတ်ယာဉ်များကို  ပြသထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ၁၉၀၉ ခုနှစ်တွင် စတင်ရောက်ရှိလာသော Fire King ဟုခေါ်ဝေါ်ခဲ့သည့် ကမ္ဘာ့ရှေးဟောင်း  မီးသတ်ယာဉ်အမျိုးအစားတွင် ပါဝင်သော   အင်္ဂလန်နိုင်ငံထုတ်   Merryweather (STEAM)နှင့် Merryweather(Petrol) ရေနွေးငွေ့သုံး မီးသတ်ယာဉ်များအပါအဝင်  ရှေးဟောင်းမီးသတ် ယာဉ် ကိုးစီးကို ထည့်သွင်းပြသထားသည်။
အများပြည်သူလေ့လာကြည့်ရှုနိုင်
အဆိုပါ ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက် ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့်  မိမိတို့ကိုင်တွယ်အသုံးပြုလျက်ရှိသော စက်/ယာဉ်များအား မြတ်နိုး ဂုဏ်ယူစိတ်ဖြင့် စနစ်တကျကိုင်တွယ်လိုစိတ်များ တိုးပွားလာစေရန်၊     သမိုင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားခြင်းကြောင့် ပြည်သူလူထုအနေဖြင့်  မီးသတ် စက်/ယာဉ်များအကြောင်း လေ့လာသိရှိပြီး လက်ရှိမီးသတ်စက်/ယာဉ်များအပေါ် တန်ဖိုးထား ဝိုင်းဝန်းစောင့်ရှောက်နိုင်စေရန် (၇၅)  နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် လမ်းညွှန် မှာကြားမှုအပေါ်  မီးသတ်သမိုင်းဝင်အမွေအနှစ်များ ဖြစ်သည့် ရှေးဟောင်းမီးသတ်ယာဉ်များကို ဆက်လက် ထိန်းသိမ်းထားရှိလျက် (၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အများပြည်သူလေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသ ခြင်းဖြစ်ကြောင်း သိရသည်။
“မီးဘေးအန္တရာယ်ကာကွယ်ရေးမှာ   ခေတ် အဆက်ဆက်  မီးသတ်တပ်ဖွဲ့တွေနဲ့အတူ  လက်တွဲ ဆောင်ရွက်ခဲ့တဲ့  ရှေးဟောင်းမီးသတ်ယာဉ်တွေကို မီးသတ်တပ်ဖွဲ့ဌာနချုပ်ရှေ့က   ပြတိုက်မှာ အများ ပြည်သူလေ့လာကြည့်ရှုနိုင်အောင် ဖွင့်ပွဲပြုလုပ်တာ ပါ။ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့တွေမှာလည်း ခေတ် အဆက်ဆက်က ရှေးဟောင်းမီးသတ်ယာဉ်တွေကို ဂုဏ်ပြုပြသထားတာကို တွေ့ရမှာပါ။ နိုင်ငံခြားသား တွေလည်း အထူးစိတ်ဝင်စားတဲ့အတွက် ကျွန်တော် တို့နိုင်ငံအတွက် ဂုဏ်တက်စေပါတယ်။ ဒီလိုပြတိုက် မျိုးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးရဲ့လမ်းညွှန်မှု၊    ညွှန်ကြားရေးမှူးချုပ်ရဲ့ အလေးအနက်ထားဆောင်ရွက်မှုနဲ့အတူ  ကျွန်တော် တို့အားလုံး       ဝိုင်းဝန်းလက်တွဲဆောင်ရွက်နိုင်မှု အသီးအပွင့်အဖြစ် တွေ့မြင်ရတာဟာ ဝမ်းသာဂုဏ်ယူ စရာပါ”ဟု    မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး  ဦးသိန်းထွန်းဦးက    ပြောကြား သည်။
ပြည်ထဲရေးဝန်ကြီးဌာန   မီးသတ်ဦးစီးဌာန အနေဖြင့်  နိုင်ငံတစ်ဝန်းရှိ  မြို့ပြနှင့်  ကျေးလက် မီးဘေးလုံခြုံရေးအတွက်   မီးသတ်ယာဉ်စုစုပေါင်း ၃၆၆၅ စီးဖြင့်   မီးဘေးလုံခြုံ‌ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး  ခေတ်အဆက်ဆက်တွင် အသုံးပြုခဲ့သော ရှေးဟောင်းမီးသတ်ယာဉ်များအား ပြည်သူများအနေဖြင့် လေ့လာကြည့်ရှုနိုင်ရန် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ဖွင့်လှစ်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်
ရှေးဟောင်းမီးသတ်ယာဉ်များ    ဖွင့်ပွဲအခမ်း အနားသို့     မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး        မီးသတ်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းတပ်ဖွဲ့ဝင်များနှင့်  မိသားစုဝင် များ၊       မြန်မာနိုင်ငံမီးသတ်ဝန်ထမ်းဟောင်းများ အသင်းမှ အငြိမ်းစားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ကိုဗစ်-၁၉  ရောဂါ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။  
ညိမ်းသူ - သတင်းစဉ်၊ ဓာတ်ပုံ - ကနူး