မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်းကျေးရွာရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီး မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်း ကျေးရွာအုပ်စု      သက်သာပန်းတောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်    ဝတ္ထုကံတော် အတွင်းရှိ   စကြာပန်းတောင်းစေတီတော်  မဟာ ဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ  နိုင်ငံတော်ဩဝါဒါစရိယ စလင်း ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကေတု အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။ 


တက်ရောက်


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့် မိသားစုဝင်များ၊   ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး    မိုးမြင့်ထွန်း၊   ဦးမောင်းဟာ၊ ဦးရွှေကြိမ်း၊      ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊   ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊      ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် ဇနီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ်ကိုကိုဦးနှင့်     တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင် အလှူရှင်များ၊   အရာရှိ၊  စစ်သည်၊  မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့်     ဒေသခံပြည်သူများ တက်ရောက်ကြသည်။


နာယူကြည်ညို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊    ဇနီးနှင့်   အခမ်းအနား တက်ရောက်လာကြသူများက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ  စလင်းမြို့  မဟာဝိသုတာရာမစိန်ပန်း ကျောင်းတိုက် ပဓာနနာယက မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာများ က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ   ဆက်ကပ်သည်။  ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွား ချီးမြှင့်တော်မူ ကြသည့်  ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ စေတီတော်  ပရိဝုဏ်တော်တွင်   ပက်ဖျန်းကြဲဖြန့် ချည်နှောင်တားဆီးကာရံကြသည်။ 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် မိသားစုဝင်များ က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် နှင့်  လှူဖွယ်ပစ္စည်းများအား နိုင်ငံတော်ဩဝါဒါစရိယ စလင်းဆရာတော်ကြီးထံ   ဆက်ကပ်လှူဒါန်းကြ သည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊      တွဲဖက်အတွင်းရေးမှူးနှင့် ပြည်ထောင်စုဝန်ကြီးများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်း ကြသည်။ 
ယင်းနောက်   စလင်းမြို့ မဟာဝိသုတာရာမ ကျောင်းတိုက်    ပဓာနနာယက    ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များသည်  ရတနာစိန်ဖူးတော်၊  ငှက်မြတ် နားတော်တို့အား ပင့်ဆောင်၍ စေတီတော်မြတ်အား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော်ကြပြီး မင်္ဂလာအချိန်တွင်  ရတနာစိန်ဖူးတော်၊  ငှက်မြတ် နားတော်တို့အား   မင်္ဂလာရထားပျံဖြင့်  စေတီတော် အထွတ်သို့ ပင့်ဆောင်၍ တင်လှူပူဇော်ကြပြီး ပရိတ် နံ့သာရည်များ ပက်ဖျန်းကြကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်  တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး ကြသည်။


ကပ်လှူပူဇော်


ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက စကြာပန်းတောင်းစေတီတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍  ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား    မြသပိတ်ဆွမ်းတော်၊ ခဲဘွယ်၊ ပန်း၊ ရေချမ်းနှင့် သစ်သီးတို့ကို ကပ်လှူပူဇော် ကြပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်သည်။ ယင်းနောက် စေတီတော်ပရိဝုဏ်တော် အတွင်းရှိ    ဘုရားလောင်းဖြစ်တော်စဉ်ပေါင်းကို ထွင်းထုပူဇော်ထားသည့် ကျောက်စာချပ်နှင့်  မင်္ဂလာ မော်ကွန်းကျောက်စာတော်အား ပရိတ်နံ့သာရည်များ ဖြင့် ပက်ဖျန်းဖွင့်လှစ်ပြီး ခေါင်းလောင်းတော် ကိုးချက် ထိုးခတ်ပူဇော်၍   မေတ္တာပြုသည်။  ယင်းနောက် စေတီတော်ပရိဝုဏ်အတွင်း၌ ပရိဘောဂစေတီတော် မြတ်ဖြစ်သည့် မဟာဗောဓိပင်ပျိုကို စိုက်ပျိုးပူဇော် သည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား    တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည် တော်များအား  နေ့လယ်စာဖြင့်  တည်ခင်းဧည့်ခံခဲ့ ကြသည်။


ဘွဲ့အမည်သစ် ဆက်ကပ်ခဲ့


အဆိုပါ စကြာပန်းတောင်းစေတီတော်မြတ်ကြီး ကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ  ၂၂ ရက်တွင် ပွင့်ဖြူမြို့နယ် မုရိုးကုန်းကျေးရွာမှ   ဦးစိုးမင်း  မိသားစုက စတင် တည်ထားကိုးကွယ်ရန်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ  ၁၇  ရက်တွင် တည်ထားပြီးစီးခဲ့ကြောင်းနှင့် ဉာဏ်တော်  ကိုးတောင်  အမြင့်ဆောင်ခဲ့ကြောင်း၊ မူလအစပထမ     ရုံလေးရုံ   ဘုရားများဖြစ်သည့် ကုက္ကုဋာရုံ(အုတ်ဖိုဘုရား)၊ ဃောသိဏာရုံ(ရွာခိုင် ဘုရား)၊    ပါဝါရုံ(ရွှေပန်းမြိုင်ဘုရား)၊    ဂန္ဓာရုံ (ကျောင်းတော်ရာဘုရား)တို့ အတွင်းတွင်တည်ရှိပြီး ကြီးလေးကြီးဖြစ်သည့် ရွာသာကြီးကျေးရွာ၊ လှည်းကြီး ကျေးရွာ၊ ကံသာကြီးကျေးရွာ၊ မုန်တောကြီးကျေးရွာ တို့၏ အလယ်တွင်တည်ရှိကြောင်း၊ စကြာပန်းတောင်း စေတီတော်မြတ်နှင့်ပတ်သက်၍ လယ်ကိုင်းကျေးရွာ အုပ်စု  နိဗ္ဗာန်တောင်ကျောင်း  ဆရာတော် ဘဒ္ဒန္တ ဝိသုတ္တက ကြီးလေးကြီးအလယ်မှာ “ကြက်ပျံမကျ စည်ကားကြ၊ ပြည်ကြီး အေးချမ်းသာယာမည်”ဟု တဘောင်မိန့်ဆိုခဲ့ကြောင်း၊   စကြာပန်းတောင်း စေတီတော်မြတ်ကြီးအား ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွားအကျိုးများစေရန် ရည်ရွယ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ မိသားစုဝင်များ၊ စေတနာရှင်၊ အလှူရှင် များ၏    စုပေါင်းလှူဒါန်းမှုဖြင့်   မူလဉာဏ်တော် ကိုးတောင်ရှိသော    စေတီတော်ကို    ထပ်မံငုံ၍ ဉာဏ်တော် ၄၅ ပေအမြင့်ဖြင့် ဉာဏ်တော်ကို တိုးမြှင့် တည်ထားပူဇော်ပြီး စကြာပန်းတောင်းစေတီတော်ဘွဲ့အမည်သစ်    ဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတု စိန်ဖူးတော်    တင်လှူပူဇော်ပွဲနှင့်   ဗုဒ္ဓါဘိသေက အနေကဇာတင်   မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။                              


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များ လိုက်ပါ၍   လယ်ကိုင်းကျေးရွာသို့  ရောက်ရှိကြပြီး ကျေးရွာရပ်မိရပ်ဖများ၊   ကျေးရွာမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ဒေသစီးပွားရေးအခြေ အနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို မေးမြန်းဆွေးနွေးသည်။


လမ်းညွှန်မှာကြား


ထို့နောက် ရပ်မိရပ်ဖများက  လုပ်သားရှားပါးသည့် အတွက် လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးရန်လိုအပ်မှု၊ ကျေးရွာအတွက် မီးသတ်ကားလိုအပ်မှုနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်များကိုတင်ပြကြရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက   လယ်ယာသုံးစက် ကိရိယာများကို   အရစ်ကျစနစ်ဖြင့် ရောင်းချပေး နိုင်ရေး၊ ကျေးရွာအတွက်လိုအပ်သည့်မီးသတ်ကား နွေရာသီမတိုင်မီ ရောက်ရှိရေး၊ ရွှေပြည်အေးဘုရား ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ  ဆောင်ရွက်ပေးနိုင်ရန် အတွက် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးတိုး တက်ရေး  ရန်ပုံငွေကျပ်သိန်း ၅၀ ကို ရပ်မိရပ်ဖများထံ ပေးအပ်ပြီး ရပ်မိရပ်ဖများက  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဒေသ ထွက်လက်ဆောင်ပစ္စည်းများ  ပြန်လည်ပေးအပ် သည်။  ယင်းနောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်  ရပ်မိ ရပ်ဖများ၊ ကျေးရွာမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


ဖူးမြော်ကြည်ညို


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်ရှိ သာသနာဝင် မြန်မာပြည် ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာ     ကျောင်းတော်ရာစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီး အတွက် ဘက်စုံအလှူငွေများ  ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့်  အဖွဲ့ဝင်များသည်  ဘုရားအကျိုးတော် ဆောင်ချုပ် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဓမ္မာစာရအား ဖူးမြော်ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများနှင့်  ကျန်းမာရေးဆိုင်ရာများ  မေးမြန်း လျှောက်ထားကာ  လှူဖွယ်ပစ္စည်းများ  ဆက်ကပ် လှူဒါန်းသည်။  ထို့နောက်   စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်   စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်သည်များ  ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။                      

 

    သတင်းစဉ်