ကိုဗစ်-၁၉ အပျော့စားလက္ခဏာဖြစ်နေသူများကို ကုသရန် ဖိုက်ဇာထုတ်ကိုဗစ်သောက်ဆေးကို ဂျပန်ခွင့်ပြု

 

တိုကျို  ဖေဖော်ဝါရီ   ၁၀ 


ကိုဗစ်-၁၉   အပျော့စားလက္ခဏာ     ဖြစ်နေသူများအတွက် ရွေးချယ်ကုသနိုင်ရန် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနသည် ဖေဖော်ဝါရီ  ၁၀  ရက်က  ဖိုက်ဇာဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်လုပ်သော ကိုဗစ်-၁၉ သောက်ဆေးအသုံးပြု ခွင့်ကို ခွင့်ပြုပေးခဲ့သည်။

 


အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုများ     မြင့်တက်နေချိန်တွင်       အဆိုပါ သောက်ဆေးကို ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။ 

 


အဆိုပါသောက်ဆေးကို ပက်ဇ်လိုဗစ်ဟုခေါ်ပြီး ဂျပန် နိုင်ငံတွင်   အပျော့စား   ကိုဗစ်-၁၉ ရောဂါ  လက္ခဏာများကို ကုသရန် ခွင့်ပြုပေးလိုက်သော ဒုတိယသောက်ဆေးဖြစ်သည်။ 

 


ကျန်းမာရေးဝန်ကြီး ရှီဂျီယုကီဂိုတိုက အဆိုပါသောက်ဆေး သည်   ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုများကို  ကုသရာတွင် အရေးကြီးသောအခန်းကဏ္ဍက ပါဝင်လာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။                                          

ဆင်ဟွာ